Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ နေရဲ နဲ့ သဇင်ထူးမြင့်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်ဟာ ယနေ့မှာတော့ အသက် ၅၃ နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ သူဟာ အနုပညာလောကမှာ အရမ်းကို အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်သလို ပျော်စရာမိသားစုကိုလဲ ဖန်တီးနိုင်တဲ့ သူဖြစ်တာကြောင့် ပရိသတ်အများစုက အားကျခဲ့ရပါတယ်။

ဦးခင်လှိုင်ဟာ ယနေ့ ဧပြီလ ၁၇ ရက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဦးခင်လှိုင်ဟာ အသက် ၅၃နှစ်ပြည့်ခဲ့ပြီလဲ ဖြစ်ပါတယ်။ သူက မွေးနေ့မတိုင်ခင် အလှူအတန်းတွေများစွာ လုပ်ခဲ့ပြီး ယနေ့ မွေးနေ့မှာလဲ နှစ်သစ်ဆုတောင်း တောင်းပေးလိုက်ပါသေးတယ်။

အဲ့ဒါကတော့ ” ချစ်မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မင်္ဂလာ နှစ်သစ်မှကြိုဆိုပါတယ်ခင်ဗျာ…ဒီနေ့မင်္ဂလာနှစ်သစ်ရက်မြတ်မှာ ကျွန်တော်နှင့်အတူမွေးဖွားခဲ့ကြသောမွေးနေ့ရှင်များနှင့်မြန်မာနိုင်ငံသူနိုင်ငံသားများနှင်..ကမ္ဘာသူကမ္ဘာသားများအားလုံး.. ကပ်ကြီးသုံးပါမှကျော်နင်းနိူင်ကြပါစေ…ကျန်းမာပျော်ရွှင်နိုင်ကြပါစေ🙏🙏🙏” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

သားဖြစ်သူ နေရဲက “Happy Birthday အဖေ သားတို့ မိသားစုနဲ့ သက်ရှည်ကျန်းမာ စိတ်ချမ်းသာစွာအမြဲပျော်ပါစေ🥳❤️ချစ်တယ် အဖေ 🥰 🙏🏻🙏🏻🙏🏻” လို့ဆိုကာ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

အဲ့ဒီနောက် သမီးဖြစ်သူ သဇင်ထူးမြင့်ကလဲ “Happy Birthday ဖေဖေ♥️အမြဲစိတ်ချမ်းသာအောင်ထားပါမယ်…” လို့ ဆိုပြီး ဆုတောင်းပေးထားပါသေးတယ်။ သားချော၊ သမီးချောတွေကို ပိုင်ဆိုင်ထားတဲ့ ဦးခင်လှိုင်အတွက် မွေးနေ့ဆုတောင်းပေးလိုက်ကြပါအုံးနော်။

Snow(mcc)
Source – khin hlaing’sfb,nay ye’sfb, thazinhtoo myint’sfb

(Visited 1112 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ