Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကံသီပြီး အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ လေယာဉ်ပေါ်က လွတ်မြောက်ခဲ့တဲ့ သရုပ်ဆောင် နေမင်းနှင့် အနုပညာရှင်များ

သရုပ်ဆောင် နေမင်း၊ စည်သူမောင်၊ ခင်လေးနွယ်၊ ယုသန္တာတင်နှင့် အနုပညာရှင်များပါဝင်သော မြန်မာအမျိုးသားလကြောင်း MNA ပိုင်တစ်စီး မန္တလေးလေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

ယနေ့ ၁၂၊ ၅၊ ၂၀၁၉ နံနက် တွင် ပျံသန်းခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် ယူဘီ ၁၀၃ ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ် သည် မန္တလေးလေဆိပ်သို့ ဆင်းသက်ရာ လေယာဉ် ရှေ့ဘီး ချမရခဲ့ သဖြင့် လေယာဉ်မှူးမှ လေယာဉ်ဆီကုန်စေရန် ၁ နာရီနီးပါးခန့်ဝဲပတ်ပျံသန်းပြီးမှ လေယာဉ်ပြေးလမ်းပေါ်သို့ Emergency Landing ပြုလုပ်ခဲ့ပြီး ပြေးလမ်း ၄၅၀၀ ပေတွင် လေယာဉ်ဦးစိုက်အနေအထားနှင့် ရပန်တန့်သွားခဲ့ကြောင်းသိရပါတယ်။ ခရီးသည် အားလုံးနှင့် လေယာဉ် အဖွဲ့သားများ အန္တရာယ်ကင်းရှင်းစွာ Evacuate လုပ်နိုင်ခဲ့ပါတယ်

အဆိုပါ လေယာဉ်တွင် သရုပ်ဆောင် နေမင်း၊ စည်သူမောင်၊ ခင်လေးနွယ်၊ ယုသန္တာတင် နှင့် အခြား အနုပညာရှင်များပါဝင်ကြောင်းသိရှိရပြီး အားလုံး ဘေးအန္တာရယ်ကင်းရှင်းခဲ့ပါတယ်။ သရုပ်ဆောင်နေမင်းမှ လေယာဉ်ပေါ်မှ သူတို့ ဆင်းခဲ့ရပုံကို မှတ်တမ်းတင်ခဲ့ပြီး သူ့ရဲ့ ခံစားချက်ကို ယခုလိုရေးသားထားပါတယ်။

“လေယာဉ်ပျက် တဲ့ထဲမှာ ကိုယ်ပါဝင်ဘူးခဲပြီ
ဘဝမှာအမှတ်တရ အဖြစ် ထာဝရမမေ့နိုင်တော့ပြီ?
ကျွန်တော်တို့ အားလုံး ကျန်းမာဘေးကင်း ကြပါသည်?
ချစ်ရသူများခင်ဗျာ

ဘဝမှာ တစ်ခါမှမကြုံဖူးခဲ့တဲ့အတွေ့အကြုံပါပဲ၊ ကံသီပေလို့ပေါ့။
အရေးပေါ်ချွတ်ယွင်းပြီး ရှေ့ဘီးချမရလို့ အမျိုးမျိုးကြိုးစားမောင်းနှင်ပြီးမှ မရတော့တဲ့အဆုံး လေယဉ်ဆီကုန်ခါနီးမှာ နောက်ဘီးတွေမှေးချပြီး အရှိန်နဲ့ရှေ့ဝမ်းပိုက်နဲ့ရှောဆင်းခဲ့တာ မီးခိုးလေးတွေနည်းနည်း ထွက်ခဲ့ပေမဲ့ အရေးပေါ်အမြန်ဆင်းပြေးခဲ့ရတာ အားလုံးကံကောင်းခဲ့ကြပါတယ်။
MNA လေယဉ်မှုးကြီး ဦးမြတ်မိုးအောင်အဖွဲ့သားအားလုံးလည်း တကယ်တော်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ချီးကျူးပါတယ်ခင်ဗျား။
စိတ်ပူပြီးတော့ ဖုန်းတွေချက်ချင်းဆက်မေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
❤️?❤️
လေယာဉ်မှုးကြီး ကို အထူးကျေးဇူးတင်ပါရစေဗျာ?

Actor Nay Min evacuate from MNA Flight Emergency Landing

သရုပ်ဆောင် နေမင်းတို့ ပါဝင်သော လေယာဉ် ၏ အရေးပေါ် ဆင်းသက်ခဲ့ပုံ၊ Evacuate လုပ်ပုံ အပြည့်အစုံကို Myanmar Cele Crazy ပရိသတ်ကြီး ကြည့်ရှုနိုင်အောင် အောက်က ဗီဒီယိုမှာ စုစည်းပေးလိုက်ပါတယ်။

အခုလို အရေးပေါ် အခြေအနေကနေ တည်ငြိမ်ရဲရင့်စွာ ခရီးသည်တွေကို ကယ်တင်ပေးခဲ့သော Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FO မျိုးသီဟအောင်၊ Cabin Crew မချယ်ရီမြင့်၊ မကေဂျာဆန်အောင်၊ မခုင်ဇာလင်း၊ မဥမ္မာအောင် တို့အား Myanmar Cele Crazy Team မှ ဂုဏ်ပြုပါတယ်။

(Visited 500 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ