Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ညီမဖြစ်သူနဲ့ ဖခင်အတွက် စိုးရိမ်နေရှာတဲ့ မိုးအောင်ရင်

ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် မိုးအောင်ရင်ဟာ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးပုံဖော်နေပြီ ဖြစ်ပြီး ယခုလက်တစ်လောမှာတော့ သူ့အဖေ နဲ့ညီမဖြစ်သူအတွက်စိတ်မကောင်းဖြစ်နေပါတယ်။ ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်ကတော့ Covid -19ကူးစက်ခံထားရတယ်လို့လဲ သိရပါတယ်။

ညီမဖြစ်သူကတော့ အမေရိကန်ကိုရောက်ရှိနေတာကြောင့် စိတ်ပူနေရတာလဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ သူ့အနေနဲ့ ဆုတောင်းပေးနေရုံကလွဲလို့ဘာမှမလုပ်ပေးနိုင်တာကြောင့်လဲ ပိုပြီးစိတ်မကောင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါရောဂါဝေဒနာ ခံစားနေရတယ် ဆိုတဲ့ အကြောင်းကို ဦးအောင်ရင်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ ” စိတ်တော့ပူတာပေါ့ မတတ်နိုင်ဘူးလေ ရန်ကုန်ပြန်ဖို့လုပ်ထားတာလဲမပြန်ဖြစ် သားကိုလည်းစိတ်ပူ ကိုယ်တိုင်ကလည်း နေမကောင်း ( Covid 19 လို့ပြောတာပဲ )သမီးကလက်ကျိုးသွားလို့ကျောက်ပတ်တီးနဲ့ မတတ်နိုင်ပါဘူး ” လို့ ဆိုကာရေးသားဖော်ပြခဲ့ပါတယ်။

အဆိုတော်ဦးအောင်ရင်က ရောဂါဝေဒနာ ခံစားနေရတာဟာ ၉ ရက်ရှိပြီဖြစ်ပြီး အဖျားမရှိပေမယ့် တခြားသော ရောဂါလက္ခဏာတွေနဲ့က covid -19 ရောဂါလက္ခဏာ နဲ့ တူနေတာကြောင့် ကူးစက်ခံထားရတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ အိမ်တွင်းမှာဘဲ Self Quarantine လုပ်နေပြီး မိခင်ဖြစ်သူနဲ့လည်း သီးခြားခွဲနေနေတယ်လို့လဲ ဖခင်ဖြစ်သူရဲ့ လက်ရှိအခြေအနေတွေကို ပြောပြလာခဲ့ပါတယ်။

အဆိုပါရောဂါဆိုးကြီးဟာ နိုင်ငံပေါင်း ၂၀၀ကျော်ကို ကူးစက်ပျံ့ပွားနေပြီ ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလဲ ကူးစက်ခံထားရသူ ၁၀ ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လက်ဆေးဖို့နဲ့ လူထူထပ်တဲ့နေရာတွေ မသွားဖို့ ထပ်မံသတိပေးချင်ပါတယ်။

Snow(mcc)

(Visited 2692 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ