Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကျောင်းသားတွေ bully တာအပြင် ဆရာတချို့ရဲ့ လူရှေ့သူရှေ့ အပြောခံရဖူးကြောင်း ရင်ဖွင့်လာတဲ့ ဥက္ကာမင်းမောင်

ယခုလိုပွင့်လင်းလာတဲ့ခေတ်ကြီးမှာ ကျားမခွဲခြားဆက်ဆံတာတွေလဲ မရှိတော့တဲ့အပြင် Gender ခွဲခြားမှုတွေလဲ မရှိတော့ဘဲ gay အလှမယ်တွေ၊ အလှဖန်တီးရှင်တွေ ၊ ဒီဇိုင်နာတွေလဲ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် လိင်တူ ချစ်သူတွေကို ခွဲခြားဆက်ဆံတာတွေ ကဲ့ရဲ့ရှုံ့ချမှုတွေမရှိတော့ဘဲ ချစ်ခင်အားပေးလာကြတာတွေကို တွေ့လာရပါတယ်။ ဒါ့ကြောင့် တစ်ချိန်က လှောင်ပြောင်ခံခဲ့ရတဲ့ သူ့ရဲ့ အကြောင်းကို ဥက္ကာမင်းမောင်က ရင်ဖွင့်လာခဲ့ပါတယ်။

အဲ့ဒါကတော့ ” Homosexual တစ်ယောက်ဖြစ်တည်လာခြင်း ဘဝအစ (သို့) ဓါတ်ပုံတွေက ပြောသော ငယ်ဘဝအမှတ်တရများ”လို့ ဆိုကာ ခေါင်းစဥ်တပ်ပြီး ” ၆ နှစ်ကျော်အရွယ်က ဖေကြီးရယ် မေကြီးရယ် ဖေကြီး သင်္ဘောနဲ့ ကိုရီးယားကိုသွားခဲ့စဉ်က.. အငယ်ဆုံး မီးမီးဟန်နီကတော့ မမွေးသေးဘူး.. ညီငယ် ကောင်းထူးက အရမ်းငယ်သေးလို့ မလိုက်ရဘူး..မှတ်ဉာဏ်ထဲမှာတော့ ဝိုးတဝါးပါပဲ.. ပုံထဲမှာ ပါတဲ့ အမွှေးပွအရုပ်တွေမြင်တိုင်းလိုချင်လို့ အတင်းပူဆာတာရယ်.. လမ်းမလျှောက်ချင်တော့လို့ ဂျီကျတာရယ်တော့မှတ်မိသေးတယ်.. သင်္ဘောနဲ့ ပင်လယ်ပြင်မှာခရီးသွားရင်း လှိူင်းကြီးနေတုန်း သင်္ဘောကုန်းပတ်ပေါ်အပြင်ထွက်ပြီး ငါးပျံလေးကို သွားကြည့်တာ လဲမှတ်မိသေးတယ်.. “

“နောက်တော့ အဆူခံရရော..နောက်ငယ်ငယ် ထဲက barbie doll အရုပ်တွေဆို အရမ်းလိုချင်တာ..Supermarket ကြီးထဲ Barbie doll အရုပ်တွေ အများကြီးစီထားတာတွေ့ရင် အဲ့နားကမခွာတော့ဘူး.. သူများတွေလို သေနတ်တွေကားတွေ မကြိုက်ဘူး.. ဟောင်ကောင်မှာ တအားပူဆာလို့ မေကြီးက barbie doll အရုပ်လေးဝယ်ပေးတာလဲ အခုထိ မှတ်မိသေးတယ်.. လူတွေက ပြောချင်သလိုပြောပြီး ဝေဖန်နေကြသလို ပတ်ဝန်းကျင်ကြောင့် အခြောက်အပေါင်းအသင်းတွေကြောင့် နိုင်ငံခြားမှာနေတာကြောင့် gay ဖြစ်သွားတယ်တို့ ဘာတို့.. ကျွန်တော့်ဘဝအကြောင်းဘာမှမသိပဲနဲ့ ပေါင်းစုံထင်ရာ မြင်ရာ လျောက်ပြောနေတာတခုမှမဟုတ်ဘူး…”

“လူတိုင်း တခြားလူကို လိမ်ချင်လိမ်နေပေမယ့် ကိုယ့်စိတ်က ဘာကို ပိုစိတ်ဝင်စားတယ်ဆိုတာ ကိုယ်တိုင်က အသိဆုံးပါ.. ငယ်ငယ်က မိန်းမဖြစ်ချင်တာတော့မဟုတ်ပေမယ့် ပင်ကိုယ်ဗီဇဆိုတာ လူတိုင်းမှာပါပြီးသားပါပဲ.. ကိုယ့်ကိုယ်ကိုယ် gay လား bisexual လား straight လား ဘာမှန်းသေချာမသိသေးတဲ့အရွယ်ထဲက လူ့စိတ်ဟာ စူးစမ်းတတ်တဲ့ အရွယ်..စိတ်ကစားတဲ့ အရွယ်ရောက်လာတဲ့ကလေးတိုင်း လက်တည့်စမ်းစူးစမ်းတတ်ကြပါတယ်.. ဒါကိုလဲ သားသမီးကို ချစ်သော မိဘကောင်းတွေတိုင်းဟာ ကိုယ့်သားသမီး ဘယ်လို ဖြစ်နေတယ်ဆိုတာ ပွင့်လင်းစွာ သိထားသင့်တယ်.. “

“ကိုယ့်သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံသွင်းယူလို့ ရသော်လဲ အရာရာတိုင်းတော့ ကိုယ်ဖြစ်စေချင်သလို ထပ်တူမကျနိုင်ပါဘူး.. ဒါဟာအမှန်တရားပဲ.. မိဘနောက်ကွယ်မှာ ဖြစ်ချင်သလိုဖြစ်တာမျိုးလိုချင်လား.. မိဘက ပွင့်ပွင့်လင်းလင်းသိပြီး သားသမီးတွေရဲ့ အားကိုးရင်ဖွင့်ရာ တံတိုင်းကြီးတခုလိုမျိုးဖြစ်စေချင်သလား.. ဒါဟာ မိဘတွေရဲ့ ရွေးချယ်မှူပါ.. သူတို့ရဲ့ နဂိုစိတ်ရင်းထဲ ဘာတွေဖြစ်နေတယ်.. ဘာတွေရင်ဖွင့်ချင်နေတယ် ဘယ်လိုမျိုးကို ပိုနှစ်သက်တယ်ဆိုတာကို မိဘတိုင်းဟာလဲ ကိုယ့်သားသမီးနဲ့ သူငယ်ချင်းလို အုပ်ထိန်းသူလို သေချာနားထောင်ပြီး နားလည်မှူကို တည်ဆောက်ယူသင့်ပါတယ်..”

” ဒါမှလဲ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကာကွယ်နိုင်မယ် ..ကျောင်းတက်တဲ့အရွယ်မှာ bully အလုပ်ခံရရင်လဲ ရှေ့က ကာကွယ်ပေးနိုင်မယ်..ငယ်ငယ်လေးထဲက နွဲ့နွဲ့လေးနေတဲ့ကလေးတွေ ကျွန်တော်အပါအဝင်တနိုင်ငံလုံးမှာအများကြီးရှိပါတယ်.. ကျွန်တော့်ကျောင်းသားဘဝမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် Bully အလုပ်ခံရပါတယ်.. အိမ်လဲ မပြောရဲဘူး.. တယောက်ထဲ ကြိတ်ငိုရတယ်.. သိမ်ငယ်ရတယ်.. အမှန်အတိုင်း ပြောရရင် ကျောင်းသားတွေ bully တာအပြင် ဆရာတချို့ရဲ့ လူရှေ့သူရှေ့ အပြောခံရတာကိုလဲ အခုထိမမေ့ပါဘူး.. အနန္တောအနန္ဒဂိုဏ်းဝင်ကိုယ့်ဆရာတွေကို မစော်ကားပေမယ့် ဆရာတိုင်းနဲ့ ကျောင်းတိုင်းသည်လဲ ကျောင်းသားတယောက်ရဲ့ gender identity ကို လူရှေ့သူရှေ့လှောင်ပြောင်ကဲ့ရဲ့ခြင်းမျိုးကို မလုပ်သင့်ပါဘူး..”

“ဒဲ့ပြောရရင် သူတို့ဘာသာ အခြောက်ဖြစ်ဖြစ် ဘောပြားဖြစ်ဖြစ် သူတို့ဘဝကို ဆရာတွေက ဝင်ပြီး control လုပ်လို့မရပါဘူး.. တခြားသူတယောက်ဘဝထဲ ဇွတ်အတင်းဝင်ပြီး စည်းကျော်သလိုပါပဲ..LGBTI တွေဟာ အစော်ကားခံ အလှောင်ခံမဟုတ်ပါဘူး.. မြန်မာနိုင်ငံကကျောင်းတွေမှာ တရားဝင်စည်းကမ်းထုတ်ပြီး LGBTI ကျောင်းသားတွေအတွက် မှန်ကန်ဖြောင့်မတ်တဲ့ rights တွေနဲ့ လှောင်ပြောင်ကဲ့ရဲ့ခြင်းမျိုးကို ကျောင်းသားတွေကော ဆရာတွေကော မပြုမူမိအောင် လုပ်သင့်ပါတယ်.. ကျောင်းသားတယောက်ကို လူရှေ့သူရှေ့ အရှက်ခွဲလိုက်တာဟာ သူတို့စိတ်ထဲ စိတ်ဒါဏ်ရာကို သေရာပါပေးလိုက်သလိုပါပဲ.. နာကျည်းခြင်းတွေ ရှက်ခြင်းတွေ မုန်းတီးခြင်းတွေများစွာနဲ့ ကမာရွတ် TTC မှာ ကျောင်းတက်ခဲ့ချိန် ကျွန်တော့်ရဲ့ အလှောင်ခံကျောင်းသားဘဝကို မလွမ်းပါဘူး..”

“တချို့အတန်းဖော်ခင်ခဲ့တဲ့သူတွေနဲ့ ကိုယ့်ကို ချစ်တဲ့ ဆရာဆရာမတွေကိုပဲ ရင်ထဲရှိတော့တယ်.. ကျွန်တော့်ဘဝအကြောင်းရေးနေတဲ့စာအုပ်ထဲတော့ အဲ့အကြောင်းတွေပါ သေချာထည့်ရေးထားပါတယ်.. အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရား တခုကို အတိုချုံးပြောပြတာပါ..မိဘတိုင်းဟာ ကိုယ့်သားသမီး ဘဝအနာဂါတ်ကို confidence အပြည့်နဲ့ ရှေ့ဆက်ပြီး အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်အောင်တွန်းပို့ပေးသင့်တယ်.. ကျွန်တော် ဒီမိသားစုက ပေါက်ဖွားလာရတာ.. နားလည်မှူ အပြည့်ပေးသော အမြဲ ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးသော မိဘတွေပိုင်ဆိုင်ရတာ ကျွန်တော် အရမ်းကံကောင်းပါတယ်.. လောကကြီးမှာ ကိုယ့်သားသမီးရဲ့ ဘဝဖြစ်တည်မှူ အစစ်အမှန်ကို လက်မခံချင်တဲ့ မိဘတွေ တပုံကြီးပါ..”

” တကယ်တမ်းကျ ကိုယ့်သားသမီးဟာ ကိုယ့်သားသမီးပါပဲ.. အခုခေတ်ကြီးမှာ မျက်စိဖွင့်နားဖွင့်ပြီး brain wash လုပ်ခံထားရလို gay ဖြစ်ခြင်းဟာ ရှက်စရာလို့ ထင်တဲ့ အတွေးအခေါ်နဲ့ ကိုယ့်ရဲ့ အတ္တတွေကို ဘေးချိတ်ပြီး ကိုယ့်သားသမီးတွေရဲ့ ဘဝထဲ သူတို့ရဲ့ စိတ်ထဲ ခဏဝင်ပြီးကိုယ်ချင်းစာနားလည်ပေးပါ.. Gay ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူသားတိုင်း ကောင်းအောင်နေရင် ကောင်းတဲ့ ဘဝကိုပဲပိုင်ဆိုင်ရပါတယ်.. ကိုယ်ကျင့်သိက္ခာ စေတနာ ဂရုဏာ သူတပါးကို ကူညီတတ်တဲ့စိတ်နဲ့ မွန်မြတ်တဲ့စိတ်ထားရှိဖို့သာလျင် လူတယောက်ရဲ့ တန်ဖိုးပါ.. အဲ့လိုလူဖြစ်ဖို့ ကျွန်တော့်မိဘတွေကသင်ပေးခဲ့တယ်.. ဒီအတိုင်းပဲ ဘဝရှေ့ဆက်လျောက်သွားပါမယ်..ဒီအကြောင်းကို ငယ်ဘဝဓါတ်ပုံလေးတွေနဲ့ ဗီဒီယိုစကားပြောအနေနဲ့ ကော ..နောက်ထပ် LGBTI တွေနဲ့ ပတ်သတ်တာတွေကို ကျွန်တော့်ရဲ့ UNOKKARN & ME facebook page မှာ တင်သွားပါမယ်”လို့ ဆိုကာ ခံစားခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။

ဥက္ကာမင်းမောင်လို မျိုး ကြုံတွေ့ခဲ့ရဖူးတဲ့ သူတွေရှိရင်လဲ ရင်ဖွင့်ခဲ့ကြပါအုံးနော်။ ဖတ်ရူ့ပေးကြတဲ့ ချစ်ပရိသတ်တွေအနေနဲ့လဲ လူလူချင်းခွဲခြားဆက်ဆံတာတွေ မလုပ်ကြဘဲကိုယ်ချင်းစာတက်ကြပါစေနော်။

Snow(mcc)

(Visited 3015 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ