Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Messenger ကနေ အပြာကား လာပို့တဲ့ ကောင်မလေးကြောင့် မိန်းမနဲ့ ပြဿနာတက်ခဲ့တဲ့ ထူးအယ်လင်း

အချစ်သီချင်းတွေကို အများနဲ့မတူတဲ့အသံနဲ့ သီဆိုနိုင်သူဖြစ်ပြီး အသံကြားတာနဲ့ ဘယ်သူဆိုတာသိနိုင်လောက်အောင် ကို ထူးခြားတဲ့အသံပိုင်ရှင်တစ်ယောက်ပါ။ သူက သီချင်းတွေသီဆိုရုံတင်မက ဘုရားတည်၊ကျောင်းဆောက်လုပ်ငန်းတွေရော အလှူအတန်းတွေမှာပါ ပါဝင်လုပ်ကိုင်နေသူတစ်ယောက်ပါ။ သူက အရင်ကလို စိတ်လိုက်မာန်ပြန်တွေမလုပ်တော့ဘဲ ၊မဆိုးတော့ဘဲ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေထိုင်နေသူတစ်ဦးပါ။ ဒီလိုအချိန်မှာ ဘာမဟုတ်တဲ့ Messenger မှ ရောက်ရှိလာတဲ့ ဗီဒီယိုကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြလာပါတယ်။


သူရေးသားခဲ့တဲ့ အပြည့်အစုံကတော့ “ မနက်အိပ်ယာနိုးနိုးခြင်း ကာမဆက်ဆံတဲ့ အပြာကား Messenger ကနေ Fb friend တစ်ယောက်က ပို့လာတယ်။ ပို့တဲ့သူရဲ့ ဝေါထဲဝင်ကြည့်တယ် …ကြည့်မိတော့ ခိုင်မျိုးဝတီလား ခင်ချောဝတီဆိုလားပဲ ကောင်မလေးတစ်ယောက် လိပ်စာက တောင်ကြီးကဆိုပဲ ခေတ်လူငယ် ခပ်ချောချာလေးပါပဲ… ကိုယ်နဲ့လည်းမသိဘူး ပက်သက်မှုလည်းမရှိဘူး ဆိုတော့ မထင်ရဘူး ဘာတွေလားပေါ့… ဒါနဲ့ကိုယ်လည်း စာပြန်လိုက်ပါတယ် (အားရတယ်လို့ ) ?… တစ်ဖက်က စာပြန်ပို့တယ် လက်မလေးထောင်ပြတယ် ဗျ ?… ဘာလဲဟ ပေါ့ ? ဒါကို မိန်းမဖြစ်သူက မြင်သွားတယ် …ဇာတ်လမ်းက အဲ့မှာစတာပဲ ? ”

“ မိန်းမဖြစ်သူက ချက်ခြင်း Messenger ကနေဖုန်းပြန်ခေါ်တော့ ဟိုဘက်ကပို့တဲ့ကောင်မလေးက ဖုန်းကိုင်တယ် …မိန်းမဖြစ်သူက တစ်ဖက်ကကောင်မလေးကို နင် ငါ့ယောက်ကျားကို အိမ်ထောင်သည်မှန်းသိလျက်နဲ့ ဘာလုပ်တာလဲ အစချီပြီးတော့ ပြောကုန်ရော … ကိုယ့်မှာလဲဘူမသိ ကိုးမသိနဲ့ ငါ့မိန်းမ မင်းမှန်တယ်ပေါ့ … ဘလော့ပစ်လိုက်မိန်းမလို့ အားပေးလိုက်တယ် … ဒါနဲ့ပဲ ကိုယ့် ဖိတ်ထားတဲ့အလှူအိမ်ကို ကိုယ့်အလုပ်ကိစ္စတွေအတွက် အပြင်ထွက်လာရော …”

“မိန်းမဖြစ်သူက အရှိန်မပြေသေးဘူး ဖုန်းဆက်ပြီး ကိုယ့်လာပြဿနာစကားနဲ့ ပြောဆိုပြန်တော့ ”မပြီးသေးဘူးလားးဟ ဒီကိစ္စက ငါအားနေတဲ့ကောင်မဟုတ်ဘူး”ဆိုပြီး စိတ်တိုတိုနဲ့ အော်ငေါက်ပစ်ထလိုက်ရောပေါ့ … စကားများကြတာပေါ့ကွယ်နောက်ဆုံးတော့ …အဲ့ဒီ Messenger ကိစ္စက ကိုယ်နဲ့လည်းမသိ ကိုယ်နဲ့လည်းမပတ်သက်ပဲ အသားလွတ်တွေဖြစ်ကြရတာ မတန်ဘူးကွာ လို့တွေးရင်း စိတ်ပေါက်ပေါက်နဲ့ ကားမောင်းထွက်လာရာကနေ လမ်းမှာ ရဲက ကားတားပြန်ရော လိုင်စင် ဝိတတ်ပြပါတဲ့ … ဒီနေ့မှထူးထူးဆန်းဆန်း ကြုံပြန်ရော … ကဲ ရော့ ဒီမှာ လိုင်စင် ဝိတတ် ပြလိုက်တယ် … ရဲကလူကိုသေချာကြည့်ပြီး ”ကိုထူးအယ်လင်းပါလား” တဲ့ ? ”ဟုတ်ကဲ့ ညီလေး ကိုယ်သွားတော့မယ်” နှုတ်ဆက်ပြီး ကားမောင်းထွက်လာခဲ့လိုက်တယ် …

ပြောချင်တာက …ငါ Facebook သုံးနေတာ အလှူဒါနကိစ္စတွေအတွက်ပဲသုံးတယ်… စာပို့ပြီး ဖွန်ကြောင်တာတို့ ဖျားရောင်းသွေးဆောင် တာတို့ မည်သည့်မိန်းကလေးကိုမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလုပ်ခဲ့ဘူး .. လုပ်စရာလည်းမလိုဘူး.. ငါ့လဲ လာမလုပ်နဲ့ လုံးဝမကြိုက်ဘူး ။ ဒီနေ့မိန်းမနဲ့စကားများတယ် ငါစိတ်ပျက်တယ် ။ ဒီမိန်းမကလဲ နားလည်မှူမရှိဘူး သူယူထား ရထားတာ အများလူ ပရိတ်သတ်နဲ့ သွားလာနေတဲ့လူ။ ငါ့ ငါးပါးသီလနဲ့ငါ လုံအောင်နေတယ်… ဒါကြောင့် ဒီနေ့ စိတ်ပျက်မိတယ် .. အရင်လိုစိတ်နဲ့ သောက်စားနေတုန်းကဆိုရင်တော့ ပြဿနာဒီထက်အကြီးကြီးဖြစ်သွားမယ်” လို့လဲ ပြောသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့ရဲ့ လက်ရှိရပ်တည်မှုနဲ့ ပတ်သက်ပြီး “ပေါက်ကရတွေမလုပ်ချင်တော့ဘူး ငါ့လဲပေါက်ကရ တလွဲတွေ မလုပ်ကြပါနဲ့ပြောရင်း စာရေး ဖောက်သယ်ချလိုက်တယ်။ ရင်ထဲ ပေါ့သွားတာပေါ့ ။ ကျေးဇူးတင်ပါတယ် Facebook…ဓါတ်ပုံက ကိုစစ် ပန်းချီခန်းမှ ပန်းပုရုပ် ဒါ့ပုံရိုက်ထားတာကို ပြန်မလာတာ …အားလုံးကို ထပ်မံ ကျေးဇူးတင်ပါတယ် ။ လှသိန်းတဲ့ကွ မှတ်ထား ငါယွချင်ရင် လက်ဖျောက်တစ်ချက်တီးရုံပဲ။ ငါအေးအေး ချမ်းချမ်းနေချင်တယ် မယွချင်ဘူး ဒါပဲ” လို့ ဆိုကာ ပွင့်ပွင့်လင်းလင်းကြီးကို ပြောပြလာ ခဲ့ပါတယ်။

အဲ့ဒီလို ကိုယ်မသိတဲ့လူတစ်ယောက်ကြောင့် ကိုယ့်မိသားစုကြား မှာပြဿနာတွေဖြစ်ဖူးကြလား၊ ဖြစ်ခဲ့ရင်လဲ နားလည်မှုတွေနဲ့ အကောင်းဆုံးဖြေရှင်းကြပါနော်။ တန်ဖိုးမရှိတဲ့ အရာတွေကြောင့် တန်ဖိုးထားရတဲ့ ဘဝတွေ မပျက်ဆီးပါစေနဲ့။ ဖတ်ရှု့ပေးသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။

Source – htoo el lynn’s fb

(Visited 8987 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ