Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

IVY လေး ရဲ့ သိတက်လိမ္မာပုံလေးတွေကို ပြောပြလာတဲ့ အေသင်ချိုဆွေ

Single Mom အဖြစ် သတ္တိရှိရှိရပ်တည်ပြီး သမီးအတွက်ကောင်းဆုံးကြိုးစားနေတဲ့ အေသင်ချိုဆွေက သမီးလေးရဲ့သိတက်နားလည်မှုတွေကို သူမ တဖြေးဖြေးသိလာရတဲ့အခါ အရမ်းကို ကျေနပ်ပီတီဖြစ်မိနေတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ သမီးလေးရဲ့ဂျီမကျတက်ပုံတွေ ငယ်သေးပေမယ့် အမေဖြစ်သူရဲ့စကားတွေကို နားထောင်တက်တဲ့ သမီးအလိမ္မာလေးဖြစ်ကြောင်း ပြောပြလာပါတယ်။

သူမပြောပြခဲ့တာကတော့ “ဘယ်တော့ မှ အိပ်ခါနီး ဂျီမကြဘူး(နေမကောင်းဖြစ်နေရင် တခါတလေ ဂျီတာပေါ့)လူကြားထဲရောက်ရင်လည်း ဘယ်တော့ အော်ငို တာမျိုးမရှိဘူး၊ သူ့ကို ဝိုင်းချစ်ကြမှန်းသိတော့ ဓါတ်ပုံတယောက်ပီးတယောက်ရိုက်ကြလည်း စိတ်ရှည် သည်းခံရှာတယ်။ အမေ စကားကို လူရှေ့သူရှေ့ဆိုပိုလိုက်နာတယ်၊ သေချာပြောပြရင် နားလည်ပေးတယ်”

” ပြီးတော့ အလိုက်သိတယ်၊ မျက်နှာကြည့်နေတတ်တယ်။ ကြင်နာတတ်တယ်။ မေမေ ကူဆော့မပေးနိုင်လည်း တယောက် တည်း ခလေးတွေပြောပီးဆော့နေတာပဲ၊ ပြောရမယ်ဆို အကောင်းတွေချည်းပါပဲ။ဒီမေမေ ဘယ်လောက်ကံကောင်းလည်း”

” မေမေ ကိုလည်း အရမ်းချစ်တဲ့ခလေး မေမေ ကံကောင်းလိုက်တာ သမီးရေ မေမေ ပြောနေကျလိုပေါ့ မေမေ အရမ်းဆိုးနေလို ဘုရားက မေမေကို ထိန်းဖို့ အတွက် နတ်သမီး လေးတပါး စေလွှတ်လိုက်တဲ့ အတိုင်းပါပဲ” လို့ ဆိုကာ သမီးလေး ရဲ့လိမ္မာပုံတွေကို ရေပတ်မဝင်အောင် ပြောပြလာခဲ့ပါတယ်။

အေသင်ချိုဆွေဟာ နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သတ္တိရှိရှိနဲ့ Single Momတစ်ယောက်အဖြစ်ရပ်တည်ခဲ့တာဖြစ်ပြီး သမီးဖြစ်သူအတွက် သာစဉ်းစားပြီး ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ သူမက နောက်၅နှစ်ကြာရင်တော့ သမီးရဲ့ အနာဂတ်အတွက် ပြည်မှာ အခြေချဖို့ စီစဉ်နေတယ်လို့လဲ သိရပါတယ်။

Snow(mcc)
Source – Athen cho swe’sfb

(Visited 7105 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ