Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Innocence ကို ပြန်အသက်သွင်းလိုက်တဲ့ jaybaas နဲ့ မိုးမာန်

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Bl Series အဖြစ် အမှန်တကယ် ရိုက်ကူးပုံဖော်နိုင်တော့မယ် Innocence ရုပ်ရှင် ဇာတ်ကားကြီးဟာ လက်ရှိမှာတော့ မင်းသားအပြောင်းအလဲတွေ လဲ တည်ငြိမ်ခဲ့ပြီ ဖြစ်ပြီး ဇာတ်ကောင်အစုံကိုလဲ ရရှိခဲ့ပြီးဖြစ်ပါတယ်။ Innocence ဟာ ဝတ္ထုမှာထဲက အရမ်းကိုအောင်မြင်ခဲ့ပြီး အဲ့ဒီနောက် ရုပ်ရှင်ရိုက်ကူးမယ်ဆိုတဲ့အချိန်မှာလဲ အားပေးဝန်းရံခဲ့ကြပါတယ်။

ဒါပေမယ့်လဲ အကြောင်းအမျိုးမျိုးကြောင့် မရိုက်ကူးနိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ရိုက်ကူးဖြစ်တော့မှာပါ။ အဆိုပါရိုက်ကူးမှုအပိုင်းနဲ့ပတ်သက်ပြီး ” အခုလက်ရှိ Innocence The Series က သရုပ်ဆောင်ရွေးချယ်မှုနဲ့ပတ်သက်လို့ ပရိသတ်တစ်ချို့က သဘောမတွေ့မှုတွေရှိနေတာအတွက် ရှင်းပြပါရစေ ။ Cast တွေ ရွေးတဲ့အခါ စာရေးသူ ညမွှေးပန်းရယ် Production Team က တာဝန်ရှိသူတွေိနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးတော့ ရွေးချယ်ခဲ့တာပါ “

” သရုပ်ဆောင် တစ်ဦးနဲ့ တစ်ဦးကြား Chemistry ၊ သရုပ်ဆောင်စွမ်းရည် ၊ ရုပ်ရည် ၊ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်မှု အားလုံးကို သေချာ စဉ်းစားပြီးမှရွေးချယ်ခဲ့တာပါ ။ ပရိသတ်တွေ သဘောမကျကြတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ စာရေးသူဘက်ကလည်း စိုးရိမ်မှုရှိခဲ့တာ အမှန်ပေမယ့် ရိုက်ကူးရေးနဲ့ သရုပ်ဆောင်ပိုင်းဘက်မှာ ပိုကြိုးစားပြီး ကြည့်ရှူ့သူတွေအတွက် စီးရီကို ပြည့်စုံစေမယ်ဆိုတဲ့စိတ်နဲ့ ရွေးချယ်ခဲ့တဲ့ သရုပ်ဆောင်တွေပါ”

“ဒါကြောင့် ရှေ့လျှောက်ရိုက်ကူးရေးတွေမှာလည်း သရုပ်ဆောင်တွေသာမက Production ကပါ အကောင်းဆုံးကြိုးစားသွားကြမှာဖြစ်တာမလို့ အားပေးကြပါလို့ မေတ္တာရပ်ခံပါရစေ ။ကျေးဇူး တင်ပါတယ်နော် ” လို့ ဆိုပြီး စီစဉ်သူက ရေးသားခဲ့ပါတယ်။

Innocence The Series မှာ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Jaybaas၊ မိုးမာန် ၊ အေးမြရိပ်နိုင် တို့က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဝတ္ထုထဲကလိုမျိုး ပီပြင်စွာသရုပ်ဆောင်နိုင်ကြမလားဆိုတာကိုတော့စောင့်ကြည့်လိုက်ကြရအောင်နော်။

Snow(mcc)

(Visited 900 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ