Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မင်္ဂလာသက်တမ်း နှစ်သုံးဆယ်ပြည့်ခဲ့တဲ့ ခင်လှိုင်တို့ဇနီးမောင်နှံ

ပရိသတ်တွေအားကျအတုယူရမယ့် အနုပညာရှင်စုံတွဲထဲမှာ ဦးခင်လှိုင်တို့စုံတွဲလဲပါတယ်နော်။ သူတို့ဇနီးမောင်နှံဟာ ရှေ့သွား နောက်လိုက်ညီသလို သားသမီးတွေကိုလဲ အောင်မြင်သူတွေဖြစ်အောင် ပြုစုပျိုးထောင်နိုင်သူတွေလဲဖြစ်ပါတယ်။

ယနေ့မှာတော့ ခင်လှိုင်တို့ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း နှစ်သုံးဆယ်ပြည့်ခဲ့ပြီဆိုကာ “အိမ်ထောင်သည်ဆိုတဲ့ ဘဝကြမ်းကြမ်းကို ဒို့နှစ်ယောက်အတူတူ လျှေက်လှမ်းခဲ့တဲ့တဲ့ ကာလတို ရည်ညွှန်းသော…အချိန်ပြဇယားတစ်ခု…ဘဝ…ရေးရတာလွယ်လိုက်တာ. စာလုံးလေးနှစ်လုံးထဲ ဘကုံးလေးရယ်.ဝလုံးလေးရယ်…ထဲထဲဝင်ဝင်ခြေချမိတဲ့အိမ်ထောင်သည်ဘဝကတော့?”

“စစ်တလင်း …စစ်တလင်း…စစ်တလင်းကိုချစ်ချင်းဆိုတဲ့သတ္တိနဲ့မာန်တင်းပြီးစဖြတ်တော့…ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ရတဲ့…သတ်ကွင်းတွေမှာ လက်နှက်မျိုးစုံနဲ့တိုက်ခိုက်တဲ့.လောကဒါဏ်ကိုကြံ့ကြံ့ခံအံတု လဲကြတဲ့အချိန်တိုင်းအနားမှာ တစ်ဖွားမှမခွါပဲအမြဲလိုစစ်ကူပေးတဲ့ ကျွန်တော့ချစ်သူ မငယ်လေးရေ… အခုဆို အရင်လောက်သောကမရောက်တော့ပါဘူး စစ်ကူလေးတွေ…ရောက်နေကြပြီ ရဲဘော်အသစ် သား သမီး မြေး မြစ်တွေပေါ့” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

သားသမီးတွေကိုချစ်သလို သားသမီးတွေကလဲ သူတို့ချစ်ရတဲ့ မိဘတွေရဲ့နှစ်ပတ်လည်အတွက်ပျော်ရွှင်စရာလေးတွေလဲ ဖန်တီးပေးခဲ့ကြပါတယ်။

Snow(mcc)

(Visited 477 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ