Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဗြဲဗြဲစင်အောင် မကြောက်ကြပါနဲ့ လို့ ဆိုတဲ့ ဟန်နီထွန်း

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဆိုးကြီးလို့ ဆိုရမယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ လက်ရှိမြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါပြီ။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၇ နှစ်ဦးနဲ့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ဧည့်လမ်းညွှန်တစ်ဦးတို့ ဆီမှာ ရောဂါပိုးတွေ့ရှိနေတာဘဲ ဖြစ်ပါတယ်။ ဒီလို ရောဂါပိုးတွေ့ရှိလာမှုကြောင့် မြန်မာပြည်သူအများစု စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ဒီလိုစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန်မှာ နေထိုင်တဲ့ မင်းသမီးဟောင်း ဟန်နီထွန်းက ခုလိုပြောပြလာခဲ့ပါတယ်။ သူပြောခဲ့တာကတော့ ” ဘာ့ကြောင့် ဗြဲဗြဲစင်ကြောက်နေကြသလဲ အယောက်ခြင်းစီ ကိုယ်လုပ်သင့်တဲ့ကာကွယ်သင့်တာကို ကာကွယ်ရင်ရပြီ မဖက်ကြ မနမ်းကြနဲ့ လက်သေချာဆေး ရေနွေးပူပူလေးသောက် လူထူထူရှောင်”

“ဟတ်ချိုးခြေ ချောင်းဆိုးရင်တံတွေးစင်မှာစိုးလို့ maskတပ်ထားရမှာmaskတပ်ထားလဲ ကူးချင်ရင်ကူးမှာပဲ နောက်…လူတွေသတိမထားမိတာ ကိုယ့်ဖုန်းကို သန့်ရှင်းရေးလုပ် တံတွေးစင်ထားတယ်လေ မသန့်တဲ့လက်နဲ့ touchလုပ်တယ်လေ ok…” လို့ ဆိုကာ မကြောက်ကြဖို့နဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြလာခဲ့ပါတယ်။

ဟန်နီထွန်း ဆိုတာကတော့ တစ်ချိန်က ဗီဒီယိုကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်ကို ထွက်ခွာသွားခဲ့ပြီး အခြေချနေထိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပေမယ့် မြန်မာပြည်မှာလဲ ယနေ့ချိန်ထိ အားပေးချစ်ခင်နေကြဆဲပါ။

Snow(mcc)

(Visited 2707 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ