Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Grand Final မှာ ရွှေအစစ်တွေနဲ့ အရမ်းလှနေခဲ့တဲ့ ဖြူဖြူကျော်သိန်း

Myanmar Idolရဲ့ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းဟာ ပြိုင်ပွဲစဥ်တစ်လျှောက်လုံးမှာ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ခဲ့ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့ Grand Final ပွဲကြီးမှာတော့ ရွှေသားအစစ်နဲ့ပြုလုပ်ထားတဲ့ အဝတ်တန်ဆာတွေကို ဝတ်ဆင်ခဲ့ကာ ထင်ထင်ရှားရှားလှပနေပါတယ်။

သူမဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေက “မြန်မာနိုင်ငံရွှေဆိုင်များထဲမှာမှ😊 ဘယ်ဆိုင်မှာမှမလုပ်ဖူးသေးတဲ့😱👍ထူးခြားဆန်းပြားထည်ဝါတဲ့ လက်၀တ်ရတနာတွေကို👑👑 ပထမဦးဆုံး ထာ၀ရဝိန့်စိန်ရွှေဆိုင် က ဖြူဖြူအတွက် ဆန်းသစ်တည်ထွင်ထားတယ် ” လို့ ဆိုပြီး ဝိန့်စိန်ရွှေဆိုင်ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းဟာ သူမရဲ့ အသံပါဝါကောင်းတာတွေကြောင့် အသည်းကွဲသီချင်းတွေ နဲ့ အရမ်းကို ကျော်ကြားခဲ့တဲ့အပြင် သူမရဲ့ ဖက်ရှင်တွေကြောင့်လဲ အရမ်းကို နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

ဖြူဖြူဟာ ပွင့်လင်းတဲ့ အမူအရာလေးရှိပြီး ချစ်စရာကောင်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေက အားပေးဝန်းရံကြတာလဲဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်တွေက သူမရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို အမြဲအားပေးကြဖို့ မနေ့ကြနဲ့နော်။

Snow(mcc)

(Visited 426 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ