Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Finalist 3 ဦးကို ဆက်လက်အားပေးဖို့ တိုက်တွန်းလိုက်တဲ့ တန်ခွန်ကျော်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာပြီးမှ တစ်ရက်တာ သီဆိုယှဥ်ပြိုင်ခဲ့ရတဲ့ ပြိုင်ပွဲဝင်တန်ခွန်ကျော်ဟာ သူ့ရဲ့ ပြိုင်ပွဲဝင်မောင်နှမ ၃ဦးကို ဆက်လက်အားပေးကြဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။ သူက winner မဖြစ်ခဲ့ပေမယ့် ပရိသတ်တွေ ရဲ့ ချစ်ချင်းမေတ္တာတွေ ရထားတာ နဲ့တင် ကျေနပ်နေတဲ့အကြောင်းပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” အမျိုးတွေအားလုံးပဲ မဂ်လာနံနက်ခင်းလေးပါ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျေးဇူးရှင်တွေရဲ့ အချစ်တွေ မေတ္တာတွေ ရထားပါပြီ ဒီဆုနဲ့တင် ကျွန်တော် ကျေနပ်ပါပြီဗျ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ 🙏 ”

“ကျန်ခဲ့တဲ့ Finalist 3ဦးကိုလဲ ဆက်အားပေးကြပါဗျ
သူတို့ရဲ့အားနည်းချက်လေးတွေကို အားသာချက်လေးတွေနဲ့ ဖုန်းဖိပြီး အားပေးစကားတွေနဲ့ မစပေးကြပါဦးဗျ ကျေးဇူးရှင်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အနုပညာအပေါ် သူ့ရဲ့ရူးသွပ်မှုတွေကို ပြောပြလာပြီး အနုပညာ ဆိုတာကြမ်းတမ်းတဲ့နှလုံးသားကိုတောင်နူးညံ့သွားစေနိုင်တဲ့တန်ခိုးရှင်ပါ လို့သူက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

Snow (mcc)

(Visited 501 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ