Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Fan လေးတွေရဲ့ ကန်တော့တာခံလိုက်ရလို့ ကြည်နူးနေတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ အကယ်ဒမီသရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ အနုပညာအလုပ်တွေကိုအစွမ်းကုန်ကြိုးစားလုပ်ဆောင်လေ့ရှိသလို ပရိသတ်တွေနဲ့လဲ အရမ်းကိုအဆင်ချောတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမက ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို သွားရောက်ခဲ့ပြီး အဆိုပါပွဲမှာ သူမ fan လေးတွေရဲ့ ကန်တော့ ခြင်းကို ခံခဲ့ရတာကြောင့်ကြည်နူးနေတဲ့အကြောင်းအရင်းကို ရေးသားလာခဲ့ပါတယ်။

သူမရေးသားခဲ့တာကတော့ ” ဒီနေ့ သက်ကြီးပူဇော်ပွဲမှာ ကစ်ရဲ့ fans တွေက အတင်းလာကန်တော့သွားလေရဲ့ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကြည်နူးပီးဆုတွေ တစ်ပုံ ကြီးပေးလိုက်တယ် 😬😘😘❤️ ” လို့ သူမရဲ့ဖေ့စ်ဘုတ်မှာပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ အကယ်ဒမီနှစ်ဆုရှင် ဖြစ်ပြီး လက်ရှိအချိန်ထိလဲ ရုပ်ရှင်ကားပေါင်းများစွာနဲ့ကြော်ငြာတွေရိုက်ကူးနေရဆဲဖြစ်ပါတယ်။ သူမဟာ ပြည်ပကချီးမြှင့်တဲ့ ဆုတွေကိုလဲ ရရှိထားသူဖြစ်ပြီး မကြာခင်မှာလဲ ဒေါင်းနဲ့အတူ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုလဲ ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝတ်မှုံရွှေရည်ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)

(Visited 6119 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ