Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Faceapp ကို မဆော့ကြဖို့ တိုက်တွန်းလိုက်တဲ့ ဇာတ်ရံ သရုပ်ဆောင် အိတုန္

ယခုတစ်လောမှာ လူကြီးလူငယ်မရွေး စိတ်ဝင်စားပြီး လုပ်ဆောင်လာကြတဲ့ ကိုယ့်ရဲ့ အသက်ကြီးရင် ဘယ်လိုဖြစ်မလဲဆိုတာ ကြိုတင်သိမြင်နိုင်တဲ့ appတစ်ခုရဲ့ ဆိုးကျိုးတွေကို သတိထားမိသူတွေကပြောလာပါတယ်။ အဲ့ဒီ ဆိုးကျိုးဟာ ကိုယ့်ရဲ့ Privacy ကိုပါထိပါးနိုင်တဲ့ အထိ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောထားတာဖြစ်ပါတယ်။ ဒီလိုရှင်းလင်းပြောပြချက်ကို ပရိသတ်တွေ သိမြင်နိုင်စေဖို့ ဇာတ်ရံ သရုပ်ဆောင် အိအိတုန်က သူမရဲ့ ဖေ့စ်ဘုတ်မှာ ပြန်လည်မျှဝေရင်းပြောထားပါတယ်။

သူပြောထားတဲ့ အပြည့်အစုံကတော့ “ အခုတော်တော်များများဆော့နေကြတဲ့ အသက်ကြီးရင် ဘယ်လိုရုပ်ထွက်သလဲဆိုတဲ့ faceapp ကို မဆော့ကြနဲ့နော်။ သူ့ရဲ့ terms and conditions agreement မှာ ကိုယ့်ရဲ့ အချက်အလက်တွေအားလုံးကို သူတို့အလိုရှိသလောက် အခကြေးငွေမပေးဘဲ ကြိုက်တဲ့နေရာမှာ ကြိုက်သလိုယူသုံးခွင့်ကို သုံးစွဲသူက သဘောတူလက်ခံပါတယ်ဆိုတဲ့ အချက်ထည့်ထားတယ်”

“လူအများစုဟာ အဲဒီ terms and conditions တွေကို မဖတ်မိဘဲ လက်ခံပါတယ်ခလုတ်နှိပ်ပြီး သုံးနေကြတဲ့လူတွေချည်းပဲ။ ကိုယ့်ရဲ့ Privacy ကို အားလုံးပေးလိုက်ရတာပါပဲ။ မဟုတ်တဲ့နေရာတွေမှာ ကိုယ့်ပုံတွေကို သုံးမယ်၊ ကြေငြာတွေမှာ ထည့်သုံးမယ်ဆို ကြိုက်သလိုလုပ်ကြပါ၊ ငါ့မှာဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး ကျေနပ်သဘောတူပါတယ်လို့ ခွင့်ပေးလိုက်တာပါပဲ၊ ဘယ် app မှ မသုံးတာအကောင်းဆုံးပါ။ အလကားအကျိုးမရှိတာတွေများပါတယ်။ ကိုယ့်ပုံအိုသွားတာသိချင်ရင် အသက်ကြီးလာရင် သိရမှာပဲဟာ။ ဘာတွေလောနေကြတာတုန်း” ဆိုပြီး ရေးသားခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီ Faceapp ကို နိုင်ငံခြား အနုပညာရှင်တွေကစတင်အသုံးပြုခဲ့ကြပြီးနောက် ပြည်တွင်းအနုပညာရှင်တွေဆီကိုကူးဆက်လာခါ နောက်ဆုံး ပရိသတ်တွေများစွာကပါ အသုံးပြုလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လဲ အဆိုပါ Faceapp ဟာ ဆက်လက်အသုံးပြုဖို့ မသင့်တော်တော့ ဘူးလို့ လဲ ပြောဆိုနေကြတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဖတ်ရှု့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – ei ei tone’sfb

(Visited 1378 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ