Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

“Essence” ရဲ့ 4 Year Anniversary ပွဲကို တက်ရောက်ခဲ့ကြတဲ့ အောင်ရဲလင်း နဲ့ နေခြည်ဦး

ပရိသတ်တွေကြားမှာ အရမ်းကို ဟော့ဖြစ်နေပြန်တဲ့ တစ်ချိန်က ချစ်သူတွေဖြစ်ခဲ့ကြတဲ့ အနုပညာရှင်နှစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် အတူပွဲတက်လာကြတဲ့ အကြောင်းဘဲဖြစ်ပါတယ်။ အဆိုပါ အနုပညာရှင်တွေကတော့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ နေခြည်ဦး တို့ဘဲ ဖြစ်ပါတယ်။

ယနေ့ မှာကျရောက်တဲ့ “Essence” ရဲ့ 4 Year Anniversary ကို နိုင်ငံကျော်သရုပ်ဆောင် အောင်ရဲလင်း၊ နေခြည်ဦးတို့နဲ့အတူ ဝင်းမင်းသန်း၊ မူးလာ၊ ဟိန်းထက်၊ ဂါမဏီ၊ရှိန်း၊ ကိုစိန်လင်း ၊ ရဲမာန် တို့က တက်ရောက်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ အတူတွဲဖက်တွေ့မြင်ရတဲ့ အောင်ရဲလင်းနဲ့ ​​နေခြည်ဦးတို့ဟာ တချိန်က ချစ်သူတွေဖြစ်ခဲ့ကြပြီး ​နေခြည်ဦးကတော့ အောင်ရဲ့လင်းရဲ့ချစ်သူအဖြစ် လူအများကသတိထားမိခဲ့ကြတာဘဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ယခုအချိန်မှာတော့ အနုပညာမောင်နှမတွေအဖြစ် တွေ့မြင်ကြရမှာပါ။

ချစ်ပရိသတ်ကြီးရေ ခုလိုတွေမြင်နေရတဲ့ အပေါ် သူတို့နှစ်ယောက်ဘယ်လောက်တောင် လိုက်ဖက်ညီနေလဲဆိုတာကို တွေ့မြင်ကြပြီမဟုတ်လား။

Snow(mcc)
Source – STUN,Popular journal

(Visited 7624 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ