Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

DNA ပြန်စစ်ဖို့ အတွက် $1 campaign ကို ဦးဆောင်လိုက်တဲ့ ထွန်းအိန္ဒြာဗိုလ် ရဲ့ခင်ပွန်း

လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး ပရိသတ်ကြား ဂယက်ထခဲ့တဲ့ နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ တရားခံမမိနိုင်ဘဲ ကြာနေတဲ့ သက်ငယ်မုဒိမ်းမှုရဲ့ တရားခံကို ယနေ့နေ့လည်မှာတော့ အတည်ပြုကာ အမှုဖွင့်လိုက်ပါပြီ။ အဆိုပါတရားခံဟာ စစ်မှန်တဲ့ တရားခံ ဖြစ်နေချေမရှိဘူးဆိုတဲ့ စကားသံတွေက ပျံ့နှံ့လို့နေပါတယ်။ ဒါ့ကြောင့် တရားခံဟုတ်မဟုတ်ကို DNA ပြန်လည်စစ်ဆေးဖို့အတွက် သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ရဲ့ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းက $1 campaign ကို ဦးဆောင်မယ်ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

သူရေးခဲ့တာကတော့ ” တရားခံ မိတယ်ဆိုရင်လည်း ၂ နှစ်သမီးက ကိုကို လို့ ခေါ် လို့ရတဲ့ အသက် အပိုင်း အခြား တော့ ဖြစ်ပါစေပေါ့ နော် ” ဆိုကာ စတင်ရေးသားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ” ပြည်သူတွေ ညီရင် ကလေး မလေးဆီက DNA စစ်ချက်ကိုတောင်းပါ ပြီးရင် Driver ရဲ့ DNA ကို ယိုးဒယားမှာ ပြည်သူ့ စရိတ်နဲ့ စစ်ဆေး လို့ရအောင် တောင်းဆိုကြပါစို့ ခုမှ $1 campaign က စရမှာ ကျွန်တော် $ 100 စထည့် ပါပြီ ” လို့ ရေးသားကာ အလှူရှင်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး အနုပညာရှင်တွေပါဝင်တဲ့ ပြည်သူလူထုကြီးဟာ တွန်းလှန်ဖို့ ခွန်အားတွေရှိနေကြပါတယ်။ ကျူးလွန်သူကိုထိရောက်တဲ့ အပြစ်ဒဏ်သတ်မှတ်ရေးနဲ့ ကျူးလွန်သူအစစ်အမှန်ပေါ်ပေါက်ရေးကို အားသွန်ခွန်စိုက်ကြိုးစားနေကြတာမို့ ပရိသတ်ကြီးလဲ သမီးလေး ဗစ်တိုးရီးယားရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကူညီလိုက်ကြရအောင်နော်။

ဖတ်ရှု့သူပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ဒီသတင်းလေးမျှဝေသွားဖို့ မမေ့ပါနဲ့နော်။

Source – အောင်မင်းထွန်း ဖေ့စ်ဘုတ်

(Visited 1546 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ