Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

covid -19 အတွက် သိန်း၃၀၀လှူခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်ချစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ၁၆ကြိမ်မြောက် ရှိုးပွဲကို အိပ်ခန်းထဲက ပြုလုပ်ခဲ့ပြီး Live ကြည့်ရှု့သူများပြားခဲ့ကာ အဲ့ဒီကရတဲ့ အလှူငွေတွေ ကို covid -19 အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလှူနဲ့ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က ခုလိုဘဲပြောပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” SAISAI Birthday Show မွေးနေ့ပွဲကို အခမဲ့ဖျော်ဖြေတဲ့အတွက် ပရိသတ်များနဲ့ မိတ်ဆွေများမှ ဝိုင်းဝန်းလှူဒါန်းရာမှာ အခုအချိန်ထိ အလှူငွေ သိန်း ၈၀၀ ခန့်ရရှိပြီးဖြစ်ပါတယ်။ရရှိတဲ့အလှူငွေများထဲက ငွေကျပ် သိန်း ၃၀၀ ကို Covid အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပါတယ် ။ ဒီအလှူငွေတွေဟာ ကပ်ရောဂါထိန်းချုပ်ရေးအလုပ်နားကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံအိမ်ထောင်စုတွေအတွက် ရိက္ခာဝေငှရေးထဲကို ရောက်ရှိမှာဖြစ်ပါတယ် “

” (ကျန်တဲ့ အလှူငွေကိုလည်း လိုအပ်တဲ့ နေရာကိုဆက်လက်လှူဒါန်းသွားပါမယ်) Birthday Show ကနေတဆင့်ရံပုံငွေရှာဖွေတဲ့အစီအစဉ်မှာ ကျနော်နဲ့အတူပူးပေါင်းပါဝင်ခဲ့ကြတဲ့ သူငယ်ချင်းများ အနုပညာရှင်များ အတတ်ပညာရှင်များ လုပ်ငန်းရှင်များ နဲ့ ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ် ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အောင်မြင်မှုအရှိဆုံး Show ပွဲတစ်ခုဖြစ်ပြီး show in Bedroom ဆိုတာကတော့ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးမှာသာ တွေ့ခဲ့ရပြီးအောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ စိုင်းစိုင်းကိုချစ်တဲ့ပရိသတ်တွေအနေနဲ့ ဒီတစ်ခါက စိုင်းစိုင်းနဲ့အတူ ကုသိုလ်တွေအများကြီး ရရှိကြလို့ ရောဂါဆိုးကြီးရဲ့ အန္တရာယ်ကလဲ ကင်းဝေးကြပါစေ လို့ ဆုတောင်းပေးပါတယ်။

Snow(mcc)
Source – saisaikhamleng’sfb

(Visited 812 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ