Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

COVID-19 ရဲ့ သားကောင်ဖြစ်လာတဲ့ အဆိုတော်မျိုးကြီး

ပရိသတ်တွေဆုတောင်းနေတဲ့ကြားကနေ အဆိုတော်မျိုးကြီးရဲ့ ဟာ Covid -19 Positive လူနာစာရင်းထဲမှာပါဝင်လာခဲ့ပါတယ်။ လွန်ခဲ့ တဲ့ ၂ရက်လောက်က Covid ကူးစက်ခံနေရတယ်ဆဆိုတာကို မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီးနောက် သူတက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတစ်ခု မှာ Covid -19 ရောဂါပိုးရှိသူနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် Quarantine ဝင်ခဲ့ကာ ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှ ရောဂါပိုးရှိနေကြောင်းတွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

အဆိုတော်မျိုးကြီး ပါဝင်တဲ့ ရောဂါပိုးတွေ့ရှိသူ စာရင်းကို ဧပြီလ ၁၃ရက်နေ့ ညမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာပါဝင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ပေါင်း ၆၂ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုတော်မျိုးကြီး ယခုနေတဲ့ ပုလဲကွန်ဒို အိမ်ကို lock Down ချထားပြီလို့သိရပါတယ်။ သူတက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနား ပွဲမှ ရောဂါပိုးတွေ့ရှိသူ ၆ဦးရှိခဲ့ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ လူနာအမှတ်.၂၄ ၊ ၃၄ ၊ ၃၅ ၊၃၆ ၊ ၃၇ နဲ့ ၄၁ တို့ဟာ ဘာသာရေးအခမ်းအနားတစ်ခုကိုအတူတက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၆၂ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၄၈ ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်‌တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)၊ မကွေးက တစ်ဦးစီ တွေ့ရှိထားဖြစ်လို့ ပြည်သူပြည်သားအပေါင်း ဂရုတစိုက်နေထိုင်ကြပါလို့ သတိပေးချင်ပါတယ်။

Snow(mcc)
Source – 7 days TV

(Visited 22033 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ