Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

covid – 19 ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း ပြောပြလာတဲ့ ဦးအောင်ရင်

ပရိသတ်ချစ်တဲ့ အနုပညာရှင် နိုင်ငံကျော်အဆိုတော် ဦးအောင်ရင်ဟာ မကြာသေးခင်ရက်ပိုင်းက covid -19ရောဂါဝေဒနာကို ခံစားခဲ့ရပြီးနောက် အိမ်ပြင်မထွက်ဘဲ ဂရုစိုက်နေထိုင်စားသောက်ခဲ့တာကြောင့် ၂ပတ်အတွင်းနေပြန်ကောင်းလာခဲ့ပါတယ်ဆိုတဲ့အကြောင်းကို အသေးစိတ် ပြောပြလာခဲ့ပါတယ်။

အဲ့ဒါကတော့ ” ကိုဗစ်လား ငဗစ်လားမသိပါဘူး။ ကျနော်နေမကောင်းတော့ ဘိလပ်က သူငယ်ချင်းဆရာဝန်က Covid 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ်။ အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လားNegative လားသိနိုင်ပါမယ် ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ်။ ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာလက်ခံပြီးတင်ပါတယ် “

” ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်းပါပြီ ဆုတောင်းမေတ္တာပို့သပေးသူများအားလုံး ကျေးဇူးတင်ရှိပါတယ် 🙏🙏🙏 ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက် မနက်တိုင်း Vitamin C တလုံးသောက်ပါတယ်။ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာလည်းCorona Virus ကြောင့်နေမကောင်းဖြစ်တာ “

“အိမ်မှာ ၂ ပါတ် self quarantine လုပ်ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ ကျနော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ 😍” လို့ ဆိုကာ နေထိုင် စားသောက်ပုံ အဆင့်ဆင့်ကို ပြောပြလာခဲ့ပါတယ်။

မြန်မာပြည်က ပရိသတ်တွေအနေနဲ့လဲ ကြောက်လန့် မနေကြဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်းလိုက်နာနေထိုင်ကြဖို့ကို လဲ ဦးအောင်ရင် က သတိပေးထားပါသေးတယ် ။

Snow(mcc)
Source – Aung yin’sfb

(Visited 3061 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ