Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Covid ကာလပြီးရင် အခွေသစ်တစ်ခွေ ထွက်ရှိနိုင်တော့မယ်လို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ရွှေထူး

ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ အဆိုတော် ဘဝကနေ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာတဲ့ အဆိုတော်သရုပ်ဆောင်ရွှေထူးက covid ကာလအပြီးမှာ သူ့ရဲ့ တစ်ကိုယ်တော် Album လေးထွက်ရှိလာဖို့ရှိတယ်ဆိုကာပရိသတ်ကို အသိပေးလိုက်ပါတယ်။ သူက အွန်လိုင်းပေါ်မှာတော့ ခေတ်နဲ့ အညီ ဖန်တီးချင်တဲ့ သီချင်းတွေကို တင်ဆက်နေတာဖြစ်လို့ သည်းခံပြီးနားထောင်ပေးကြဖို့လဲ ပြောထားပါတယ်။

ရွှေထူးပြောထားခဲ့တာကတော့ ” လိုချင်တာ​တွေထက် လိုအပ်တာကိုဦးစားပေးဖြစ်တယ်အကောင်းဘက်က တွေးရင် ဒီ Covid ကာလက ကိုယ့်ကိုကိုယ် ဖြည့်ဖို့အချိန် ပေးလိုက်သလိုပဲ ဘာအလုပ်မှမလုပ်ပဲ ကိုယ့်သီချင်းတွေအတွက် ပိုဂရုစိုက်ဖြစ်တယ်။ ဒီ Covid ကာလပြီးရင် အားလုံးသဘောကျမယ့် Album လေးတစ်ခုပေးနိုင်အောင်ကြိုးစားနေပါတယ်ခင်ဗျာ…”

“Online တင်ပေးဖြစ်တဲ့ ကျွန်တော်လုပ်ချင်ရာလုပ်ထားတဲ့ Music ပုံစံမျိုးတွေကိုသည်းခံနားဆင်ရင်း…Covid ​ကာလပြီးရင်ထွက်မယ့်အခွေလေးကိုစောင့်မျှော်ပေးကြပါခင်ဗျာ..စောင့်ရကျိုးနပ်စေရပါမယ်…အရင်ရွှေထူးကို အဲ့အခွေကျပြန်မြင်ရမှာပေါ့ခင်ဗျာ😊အားလုံးဂရုစိုက်ကြပါခင်ဗျာ😊” လို့ဆိုကာ ရေးသားပြောပြခဲ့ပါတယ်။

ရွှေထူးဟာ အချစ်သီချင်းတွေ ၊ အသည်းကွဲသီချင်းတွေနဲ့ နာမည်ကြီးခဲ့သူဖြစ်ပြီး သူက ပတ်ပတ်စက်စက် ညို့ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်ကားကြီးတွေ စတင်ရိုက်ကူးလာ ပြီး ဒဏ္ဏာရီမိုး ၊ ဧည့်သည် စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အစွမ်းကို ရရှိခဲ့တာပါ။

မကြာခင်မှာလဲ ရွှေထူးရဲ့ သီချင်းအသစ်တွေကို နားဆင်ရတော့မှာမို့ ပရိသတ်တွေက စိတ်လှုပ်ရှားနေပြီလို့ ထင်ပါတယ်။ ရွှေထူးရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှု တွေကို ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 229 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ