Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

City Mart လို လူများတဲ့နေရာ အလုအယက်ဈေးဝယ်သူတွေကို သတိပေးလိုက်တဲ့ တိုင်ရွန်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိခဲ့တဲ့အပြင် အနုပညာလောကမှာလဲ တက်သစ်စလူငယ်တွေထဲမှာ နာမည်အကျော်ကြားဆုံးလို့ဆိုရမယ့် မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ဟာ ယခုအခါမှာတော့ ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး သတိပေးစကားတွေပြောလာပါပြီ။

၂၀၂၀ခုနှစ်၊ မတ်လ ၂၃ရက်နေ့ ည ၁၁ နာရီ ၄၅မိနစ်အချိန်ခန့်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါတွေ့ရှိသူနှစ်ဦးရှိတယ်ဆိုတဲ့ သတင်းကြောင့် ၂၄နာရီဖွင့်တဲ့ ဈေးဝယ် စင်တာတွေမှာ လူစည်ကားခဲ့ပါတယ်။

ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီး ” City mart လိုလူများတဲ့ နေရာတွေထက် မနက်ကျမှ အိမ်အနီးနားဈေးဆိုင်တွေမှာ ဈေးဝယ်ခြင်းဖြင့် လူစုဝေးခြင်းကို ထိန်းသိမ်းကြပါဗျ……City mart လိုနေရာတွေဟာ ပစ္စည်းဝယ်ယူသူတွေ ကိုင်ကြည့်လိုက်ပြန်ချလိုက်လုပ်သောနေရာပါ” လို့ ပြောပြလာပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့လဲ နှိုင်းယှဉ်ကာ ” တရုတ်မှာ ကူးစက်မှုနှုန်း ချက်ချင်းမြင့်တက်တဲ့နေ့က ရောဂါကို စတင်ကြေငြာလိုက်ခြင်း ဈေးစုပြုံတိုးဝယ်တာပါ ….” လို့ ဆိုပြီး သတိပေးခဲ့ပါတယ်။

ချစ်ပရိသတ်တွေအနေနဲ့ ယခုလိုအခြေအနေမှာ အကြောင်းကိစ္စ တစ်စုံတစ်ရာမရှိဘဲ အပြင်မထွက်ကြဖို့နဲ့ လက်ဆေးကြဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက အထူးသတိပေး နှိုးဆော်ထားပါတယ်။

Snow(mcc)
Source – Tyron’sfb

(Visited 629 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ