Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ယနေ့မှစပြီး ရုပ်ရှင်ရုံများ ခေတ္တပိတ်

လူသားတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး ကောလဟာလသတက်းတွေဟာလဲ ပျံ့နှံ့လို့နေပါတယ်။ အဆိုပါ ကပ်ရောဂါဟာ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားသူမရှိသေးသော်လည်း ကြိုတင်ကာကွယ်မှုတွေကို စတင်လုပ်ဆောင်ကြပြီး လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေနဲ့ ရုပ်ရှင်ရုံတွေကို ခေတ္တရပ်နားမှုတွေစတင်လုပ်ဆောင်လာကြပြီဖြစ်ပါတယ်။

ယနေ့ မတ်လ ၂၆ရက်နေ့ကစတင်ကာ ရုပ်ရှင်ရုံတွေများစွာကို ခေတ္တပိတ်ပင်လိုက်ပြီလို့ ရုပ်ရှင်ရုံတွေကနေ ယနေ့မနက်မှာ တရားဝင်ကြေညာချက်တွေထုတ်ပြန်လိုက်တာဘဲ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားချက်အရ Red Radiance ရုပ်ရှင်ရုံများအား ယနေ့ (၁၆.၀၃.၂၀၂၀)မှစပြီး ခေတ္တခဏ ပိတ်ထားမှာ ဖြစ်ပါတယ်။

ကြိုတင်လက်မှတ်ဝယ်ယူထားသော Customer များ သက်ဆိုင်ရာ ရုံများက လက်မှတ်ကောင်တာများမှာ လက်မှတ် ဖြတ်ပိုင်းများ ပြကာ ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသမယ့် နေ့ကို ကြိုတင်အသိပေးကြေညာသွားပါမယ်။

အဆင်မပြေမှုများအတွက် Red Radiance Cinemas မှ လေးစားစွာ အနူးညွတ် တောင်းပန်အပ်ပါတယ် လို့ ဆိုကာ မင်္ဂလာ အဆင်မြင့်ရုပ်ရှင်ရုံများ ၊ နဝဒေးရုပ်ရှင်ရုံနဲ့ အခြားသောရုပ်ရှင်ရုံတွေလဲ ယနေ့မှ စတင်ကာ ဧပြီ လကုန်အထိ ခေတ္တပိတ်ထားမယ်လို့ အပြိုင်အဆိုင် ထုတ်ပြန်ကြေညာခဲ့ကြတာဘဲ ဖြစ်ပါတယ်။

Snow(mcc)

(Visited 496 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ