Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၇ ရက်သားသမီးကို ဒုက္ခပေးနေတဲ့ Food Blogger တွေကို မုန်းတယ် ဆိုတဲ့ ချမ်းမြေ့ဦး

မြန်မာနိုင်ငံရဲ့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုအောင်မြင်နေတဲ့ Project-k အဖွဲ့မှ ကောင်မလေးပရိသတ်တွေ ဝိုင်းဝိုင်းလည်နေခဲ့တဲ့ ချမ်းမြေ့ဦး က ခုလို Stay Home အချိန်မှာ စားချင်းတိုင်းထွက်စားလို့ မရတာကြောင့် အစားအသောက်တွေကို ကြော်ငြာနေတဲ့ Food Blogger တွေကို မုန်းတဲ့ အကြောင်းပြောပြလာပါတယ်။

အဲ့ဒါကတော့ ” အခုချိန် ဘယ်သူ့ကို အမုန်းဆုံးလဲဆိုရင် မိုက်ခရိုဖုန်းနဲ့ အသံကို အသေးစိတ်ပေါ်အောင်ဖမ်းပြီး အစားအသောက်ကို လူလိုမမြိုပဲနဲ့ ၇ ရက်သားသမီးကို ဒုက္ခပေးနေတဲ့ Food Blogger တွေကိုမုန်းတယ် 😡 ” လို့ ဆိုကာ ရေးသားခဲ့ပြီး နောက်မှာတော့ “စားချင်လိုက်တာ 😢” လို့ဆိုပြီးလဲ ဆက်ရေးသားခဲ့ပါတယ်။

ချမ်းမြေ့ဦးလို မျိုး ပရိသတ်ကြီးကရော Food Blogger တွေကို မုန်းနေပြီလား။ ဒီလို Stay Home ကာလမှာ အပြင်လဲမထွက်ရ၊ စားချင် တာလဲ ထွက်စားလို့ မရတဲ့အချိန်မှာ အစားအသောက်ကြော်ငြာတွေ တက်တက်လာရင်တော့ admin လဲ တော်တော်လေးမုန်းမိပါတယ် နော်။

မြန်မာနိုင်ငံကြီးရဲ့အခြေအနေကတော့ လတ်တလောမှာ မေလ ၁၅ရက်နေ့လောက်အထိ တိတ်ဆိတ်နေဦးမယ်လို့ထင်မိပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးတွေ့ရှိတဲ့ လူနာ ၁၄၆ ဦးရှိပြီး ပိုးကင်းစင်သူ ၁၆ဦးအထိ ရှိခဲ့ကာ သေဆုံးသူ ၅ဦးရှိခဲ့တာဖြစ်ပါတယ်။

Snow(mcc)

(Visited 344 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ