Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Brain Stem tumor ရောဂါသည် သမီးလေးအတွက် ဝမ်းသာပီတိဖြစ်နေတဲ့ အိမ့်ချစ်

ပရိသတ်တွေအားပေးချစ်ခင်မှုဟာ တစ်ခဲနက်ရရှိထားတဲ့ အဆိုတော်မလေး အိမ့်ချစ်ဟာ အောင်မြင်မှုတွေများစွာ နဲ့ ရပ်တည်လုပ်ဆောင်နိုင်နေသူဖြစ်ပြီး နိုင်ငံတကာက ချီးမြှင့်တဲ့ ထူးချွန်ဆုတွေကိုလဲ ရရှိထားပါတယ်။ အိမ့်ချစ်ဟာ ဖခင်ဖြစ်သူရဲ့ အမွေကိုအပြည့်အဝရယူထားတဲ့ သူဖြစ်သူသလို မောင်လေးကလဲ ခုနောက်ပိုင်းသီချင်းတွေသီဆို လာပါတယ်။

အိမ့်ချစ်ဟာ လတ်တလောမှာတော့ ပရဟိတအလုပ်တွေကိုလဲ လက်လှမ်းမှီသလောက်လုပ်ကိုင်နေရင်း ဆေးကုသစရိတ်အခက်အခဲဖြစ်နေတဲ့ ကလေးလေးတစ်ယောက်အတွက် သူကိုယ်တိုင်လဲ လှူဒါန်းသလို အလှူလဲ ခံပေးခဲ့ပြီး သမီးလေးလိုအပ်နေတဲ့ ဆေးကုသစရိတ်ကလဲ ပြည့်မှီခဲ့တာကြောင့် ၀မ်းသာပီတိဖြစ်တဲ့အကြောင်းလေးပြောခဲ့ပါတယ်။

အဲ့ဒါလေးကတော့ ” ဒီသမီးလေးအတွက် တစ်ယောက်တစ်ထောင်ကျပ်နဲ့ ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုတဲ့ post တွေလဲ ဖတ်ကြရမယ်ထင်ပါတယ် အိမ့်ချစ်လဲတတ်နိုင်သလောက်ရှဲပေးသလို လူ ၅၀၀ ကိုယ်စား (၅)သိန်းကျပ်ကူညီပေးခဲ့ပါတယ်။ သမီးလေး ခံစားနေရတဲ့အရွယ်နဲ့မမျှတဲ့ရောဂါပျောက်ကင်းအောင်ကုသနိုင်ပါစေသမီးလေးရေ 🙏🏼” လို့ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

ဆေးကုသစရိတ်လိုခဲ့တဲ့ သမီးလေးဟာ အသက်၅နှစ်အရွယ်သာရှိပြီး Brain Stem tumor ဆိုတဲ့ ရောဂါကို ခံစားနေရတာကြောင့် ထိုင်းနိုင်ငံ Samitivej Children Hospital မှာဆေးကုသရန်အတွက် ၃၀-၁-၂၀၂၀ ရက်နေ့က နေပြည်တော်မှာ ည ၈ နာရီ လေယာဉ်နဲ့ ဘန်ကောက်မှာ ဆေးကုသနေပြီဖြစ်ပါတယ်။ ကောင်းမွန်စွာ ဆေးကုသမှုတွေခံယူနိုင်ပြီး ပြန်လာနိုင်မယ်လို့ယုံကြည်ပါတယ်လို့ဆိုကာ အိမ့်ချစ်အပါအဝင် အားလုံးကဆုမွန်ကောင်းတောင်းပေးနေကြတာဘဲ ဖြစ်ပါတယ်။

Snow(mcc)

(Visited 1971 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ