Box No.88 ကိုကြည့်ပြီး အရမ်းကြောက်ခဲ့ရတဲ့ အကြောင်း ပြောလာတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ကလေးသရုပ်ဆောင်အဖြစ်နဲ့ဘဲ အကယ်ဒမီ ဆုကြီးကို ဆွတ်ခူးရရှိနိုင်ခဲ့သူလဲဖြစ်ပါတယ်။ သူမက ယခုနောက်ပိုင်းမှာတော့ ပညာရေးဘက်ကို ဦးစားပေးသင်ယူနေရင်း အနုပညာအလုပ်တွေအနေနဲ့ကတော့ ပွဲတက်တွေနဲ့ ကြော်ငြာတွေမှာ တွေမှာတော့ အမြဲတွေ့ရရှိပါတယ်။

ယခုအခါမှာဘဲ နိုဝင်ဘာလ (၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Box no. 88 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကိုတက်ရောက်ခဲ့ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တစ်ချို့ကို သူမရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူမရေးခဲ့တာက ” မနေ့ညက Box No.88 ကြည့်ပြီး..အရွယ်မရောက်သေးတဲ့ ကလေးလေးလေးတွေကို တရားမဝင်မှောင်ခိုလူကုန်ကူးပြီး သက်ငယ်မုဒိန်းကျင့်တယ်ဆိုတာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မျက်စိနဲ့မြင်ဖူးလိုက်ရတယ် “

“မိဘမျက်စိအောက်မှာပဲနေရသေးတဲ့အရွယ်ဆိုရင်.. မေမေနဲ့ “Password” လေးထားထားရင်ကောင်းပါတယ် ။ စကားဝှက်ပေါ့ (ps. it can be a phrase or numbers ) လူစိမ်းတစ်ယောက်က သမီးအမေ (or) သားအဖေကခေါ်ခိုင်းလိုက်လို့ဆိုပြီးလာပြောရင် “What is the password?” လို့ပြန်မေးတတ်ဖို့ပေါ့ “

“တကယ်လို့အဲ့ဒီ့လူက ကလေးနဲ့မိဘကြားက password အစစ်ကိုပြောနိုင်ရင်, ဒါကိုယ့်မိဘတကယ်လွှတ်လိုက်တဲ့ယုံကြည်ပြီးလိုက်သွားလို့ရတဲ့ သူစိမ်းပေါ့..တကယ်လို့ password မပြောနိုင်ဘူးဆိုရင် ဒါလူလိမ် အန္တရာယ်ပေးနိုင်တဲ့သူ မလိုက်သွားရဘူး ဆိုပြီး ကလေးကအလွယ် တကူ ခွဲခြားလို့ရသွားနိုင်တာပေါ့ .. Sharing is caring 🖤 Be safe every little angels!! ✨ Congratulations for team Box No.88 👏🏻” လို့ ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

BoxNo.88 ကလဲ မိဘတိုင်းကြည့်ထားသင့်တဲ့ ပညာပေးရုပ်ရှင်ဇာတ်လမ်းမျိုးဖြစ်တာ​​ကြောင့် ရုံတင်ပြသတဲ့အခါမှာ အားပေးဝန်းရံကြဖို့မမေ့ပါနဲ့နော်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ဝင်ဘာလ(၇)ရက်နေ့မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

Snow(mcc)
Source – yoon yoon’sfb

(Visited 6600 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ