Australia ရဲ့အဖေများနေ့မှာ သူမရဲ့ မျက်ဝန်းညိုလေးကို ချပြခဲ့တဲ့ မီးမီးခဲ

ပရိသတ်တွေချစ်တဲ့ အဆိုတော်မီးမီးခဲဟာ ဟိုးအရင်ကတည်းက အောင်မြင်မှုတွေရရှိခဲ့သလို ယနေ့အချိန်ထိလဲ ပရိသတ်တွေရဲ့ရင်ထဲမှာ တည်ရှိနေဆဲဖြစ်ပါတယ်။ သူမဟာ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို ခံစားခဲ့ရပေမယ့် သားသမီးတွေကို စိုးရိမ်တဲ့စိတ်၊ ဘာသာတရားကို လေးစားကိုးကွယ်တဲ့စိတ်တွေကြောင့် သူမရဲ့ဝေဒနာတွေဟာ တဖြေးဖြေးပျောက်ကွယ်ခဲ့ရပါတယ်။ အဲ့လို ပျောက်ကင်းဖို့ ကူညီပေးခဲ့တဲ့ အဓိကအဖော်အမွန်ကောင်းတစ်ယောက်ကတော့ သူမရဲ့ ခင်ပွန်းဖြစ်တယ်လို့ ပြောပြလာခဲ့ပါတယ်။

သူမပြောပြခဲ့တာကတော့ ” Happy Father’s Day Eh
Australia ရဲ့အဖေများနေ ဟာ ဒီနေ့ပါနော် ရောဂါဝေဒနာဆိုးတွေကြားရုန်းကန်ချိန် ဘေးက ဘဝအဖော်ဟာ လဲ အလွန်မှအရေးပါလှပါတယ်။ သူကသာ အားပေးနှစ်သိမ့် မှုတွေ ဆုတောင်းပေးမှူတွေ မရှိခဲ့ဘူးဆိုရင် ကျွန်မလဲ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိလာနိုင်ပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်မှာပါ”

”အိမ်အကူမရှိတဲ့ ဒီလို နိုင်ငံမှာ ကလေးနှစ်ယောက်လုံးကို မိခင်နေရာမှာ ဝင်ပြီး ကလေးတွေစားဖို့အတွက် အဝတ်လျှော်တာတွေ ချီးသေးမှ အစ သနိ့ ရှင်းရေး အဆုံး ကျွန်မ မကျန်းမာစဉ် ဆေးရုံတတ်နေရချိန်တွေ အိမ်မှာနေစဉ် အိပ်ယာထဲကနေတောင် မထနိုင်အောင် အားနည်းစဉ် ကာလမှစ့ဒီနေ့အထိ တာဝန်သိတတ် ပြီး ကူညီဖြည့်စွမ်းပေးတဲ့ ဘုရားပေးတဲ့ ဘဝ အဖော် လှပတဲ့နှလုံးသား လေးပိုင်ဆိုင်တဲ့ကျွန်မရဲ့မျက်ဝန်းညိုရေ God Bless You နော်❤️❤️” လို့ ဆိုကာ သူတို့နေထိုင်ရာ နိုင်ငံရဲ့ အဖေများနေ့မှာ ယောကျာ်းဖြစ်သူအတွက် အမှတ်တရစကားပြောကြားခဲ့ပါတယ်။

မီးမီးခဲဟာလက်ရှိမှာ သမီးတစ်ယောက်၊ သားတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး တကယ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးလဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို မီးမီးခဲ ရဲ့ပရိသတ်ကြီးအတွက် ရေးသားတင်ဆက်ပေးလိုက်ပါတယ်နော်။

Source – Mee Mee Khel’sfb

(Visited 2576 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ