Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Asian Academy Creative Award ဆုရခဲ့တဲ့ frenzo အဖွဲ့သားတွေရဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်း

ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ ငါ့ရည်းစားက ပိုမိုက်တယ်ဆိုတဲ့ သီချင်းလေးကတော့ စင်ကာပူနိုင်ငံက ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Awards 2019 ပွဲမှာ Best Animated Programme/series Category အတွက် ဖန်တီးထုတ်လုပ်ထားတဲ့ ငါ့ရည်းစားကပိုမိုက်တယ်သီချင်း က Regional Winner အဖြစ် ဆုရရှိခဲ့ပါတယ်။ ဒီဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး စိုင်းစိိိုင်းက ဝမ်းသာစကားပြောခဲ့ပါတယ်။

” ဝမ်းသာစရာသတင်းလေးတစ်ခု ငါ့ရည်းစားကပိုမိုက်တယ် သီချင်းဗီဒီယို Asian Academy Creative Award ဆုရရှိခဲ့ပါတယ် Congratulations Pencell Studio 🏆🏆🏆” လို့ ဆိုပြီး ရေးသားခဲ့ပါတယ် ။

Frenzo အဖွဲ့သားတွေ သီဆိုထားတဲ့ “င့ါရည်းစားကပိုမိုက်တယ်” သီချင်းကို Pencell Studio က ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပြီး ဒီသီချင်းကို Frenzo အဖွဲ့ဝင်တွေ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ နေဝင်း၊ ဖြိုးလေး ၊ G Fatt ၊ ကိကိနဲ့ ဂျွန်တို့က သီဆိုထားကြတာ ဖြစ်ပါတယ်။

အဆိုပါ Asian Academy Creative Award ဆုပေးပွဲကို နှစ်စဉ်နှစ်တိုင်း စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်လေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသမှ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး အကောင်းဆုံးဆု ချီးမြှင့်ပေးနေတဲ့ ဆုပေးပွဲတစ်ခုဖြစ်ပါတယ်။

ချစ်တဲ့ ပရိသတ်တွေက စိုင်းစိုင်းတို့အတွက် ဂုဏ်ပြုပေးလိုက်ကြရအောင် နော် ။ ဖတ်ရူ့ပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 418 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ