Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

Anniversary နှစ် ၂၀ ပြည့်ပေမယ့် စတွေ့တဲ့နေ့က ခံစားချက်လေးကို ခံစားမိနေတုန်းဘဲ ဆိုတဲ့ ဇဏ်ခီ

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုက်ို များစွာရရှိထားပြီး ခီမောင်နှံရယ်လို့ အမည်တွင်တဲ့ ဇာဏ်ခီတို့ ဇနီး မောင်နှံဟာ ယနေ့မှာ နှစ်၂၀ပြည့်နှစ်ပတ်လည်ကို ရောက်ရှိခဲ့ပြီလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ နှစ်၂၀ပြည့်ခဲ့ပေမယ့် သူတို့ နှစ်ယောက်စတင်တွေ့ရှိခဲ့ကြတဲ့ နေ့လေးက အူကြောင်ကြောင်ခံစားချက်လေးကို ယနေ့အထိမှတ်မိနေသေးတယ်ဆိုကာ ဇဏ်ခီကပြောပြလာပါတယ်။

သူက ” Happy 20th Anniversary, my love.အနှစ်၂၀ ဆိုပေမယ့် စတွေ့တဲ့နေ့က အူကြောင်ကြောင်ခံစားချက်က တစ်နေ့ကလိုဖြစ်နေတုန်းပဲ။ အူကြောင်ကြောင်ကောင်လေးက အဲ့ဒီတုန်းက fashion ကအရွဲ၊ အလုပ်ကမကောင်း၊ ဘဏ်အကောင့်မရှိ၊ အာပုတ်ဆော်နံပြီး မာနကလည်းကြီးခဲ့သေးတယ်။ ဒါပေမယ့်အဲ့ဒီ့ကောင်လေးက ရည်းစားဖြစ်ခါနီး မိနစ်ပိုင်းအလိုတွေမှာ “ကျနော့်ဘဝထဲဝင်မလာပါနဲ့” လို့ warning ပေးခဲ့ဖူးတယ်။ Warning လား ထောင်ချောက်ဆင်တာလားတော့ အခုချိန်ထိကိုယ့်ဟာကိုမကြိမ်းသေဘူး”

“ဒါပေမယ့် ကံကြမ္မာကစီစဉ်ပြီးသားမို့လို့လား ဒါမှမဟုတ် ကောင်လေးရဲ့တော်ကီတွေမှာကြွေသွားလို့လားမသိ ကောင်မလေး နဲ့ကောင်လေး ရူးရူးမိုက်မိုက်ချစ်သွားခဲ့ကြတယ်။ နောက်တော့ကောင်လေးဘာသိလိုက်ရလဲဆိုတော့ ကောင်မလေး ကလဲသူ့လို အရူးလေးပဲဆိုတာကိုပါပဲ။ ဒါကြောင့်ဒီအရူးလေးက အရူးမလေးကို still madly in love ပါလို့..You will always be my lobster(Crd – Phoebe from Friends)” လို့ ဆိုကာ နှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ရေးသားခဲ့ပါတယ်။

ဇဏ်ခီတို့ဇနီးမောင်နှံဟာ ဥပါယ်တံမျဥ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေကို လှုပ်နှိုးခဲ့ပြီးနောက် သူတို့ပထမဆုံးရိုက်ကူး ခဲ့တဲ့ မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကြောင့်လဲ အတိုင်းအတာ တစ်ခုထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ အရမ်းကိုထပ်တူကြခဲ့ပြန်ပါတယ်။

ခီမောင်နှံကို ချစ်တဲ့ ပရိသတ်ကြီးအတွက် သူတို့ရဲ့ အကြောင်း အရာလေး ကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ် ရူ့ပေးသူတွေကိုကျေးဇူးအထူးတင်ရှိပါတယ် ။

Snow(mcc)

(Visited 2060 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ