Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

စနစ်တကျ အလှူ လုပ်တက်တဲ့ ဒေါင်း ကိုတော့ လေးစားမိတယ်

ပရိသတ်တွေချစ်တဲ့ သရုပ်ဆောင် ဒေါင်းဟာ ဘယ်အရာတွေကိုမဆို စေ့စပ်သေချာစွာ လုပ်ဆောင်တက်သူဖြစ်တာကြောင့် လက်ရှိအခြေအနေမှာလဲ သူက လမ်းဘေးနေ အိမ်ထောင်စု၁၂၀ကို ဆန်ဆီနဲ့ ကြက်ဥတွေကို လူစုလူဝေးလဲ မဖြစ်အောင် စနစ်တကျလှူဒါန်းခဲ့တယ် လို့သိရပါတယ်။

စနစ်တကျလှူခဲ့တဲ့ အကြောင်း ကို ” “ဒေါင်း၊ COVID-19နဲ့ လမ်းဘေးနေ အိမ်ထောင်စု ၁၂၀”ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက ဒီအစီအစဉ်လေးလုပ်ချင်လို့ ပြောထားတာကြာပြီ။ သူကူညီလိုတဲ့အိမ်ထောင်စုက များတာမို့ ချိန်နေရတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့အဖွဲ့ သွားကူညီလိုတဲ့ လူတန်းစားတွေက ရပ်ရွာမှာ စာရင်းမပေါက်သူတွေ။ လူစုလူဝေးလည်း ဖြစ်လို့မရဘူး။ ဖြစ်ရင် တရားစွဲဆိုခံရမှာပါ။ “

” ဒါကြောင့် ကျွန်တော်တို့တတွေ ကြိုတင်ပြင်ဆင်ရတယ်။ ကူပွန်လေးတွေကြိုလုပ်တယ်။ သွားလှုမယ့်နေရာခပ်လှမ်းလှမ်းမှာ ကုန်ကားကို ရပ်ထားတယ်။ ကိုယ့်အိမ်မှာကိုယ်နေကြဖို့ လူစုလူဝေးဖြစ်တာနဲ့ ကျွန်တော်တို့ရပ်လိုက်မယ့်အကြောင်း အော်ရတယ်။ သွားကူခဲ့တဲ့နေရာတွေက ရွှေကြက်ယက်ဘူတာနား၊ အမရပူရအထွက်အိုကေဆီဆိုင်နား၊ စစ်ကိုင်း-မြစ်ငယ်လမ်း ကျောက်စိမ်းဘုရားနား အစရှိတဲ့နေရာ၃နေရာက ရွှေ့ပြောင်းလုပ်သားတွေဆီပါ”

” တစ်အိမ်ကိုကူပွန်တစ်ခုစီပေးရင်း ကိုယ့်ထက်အရင်ရတဲ့ဘေးအိမ်ကလူ ပစ္စည်းနဲ့အတူပြန်လာမှ ကားဆီလာဖို့ပြောတယ်။ ဒါကြောင့် လူစုလူဝေးမဖြစ်ခဲ့ပါဘူး။ ဒေါင်းလှုတာက တစ်အိမ်ထောင်ကို ဆန် ၁၂ပြည်ပါတစ်အိတ်၊ ဆီငါးဆယ်သားတစ်ဘူး၊ ကြက်ဥအလုံး သုံးဆယ်စီပါ။ လက်လုပ်လက်စား လက်ရှိရပ်ရွာမှာအမည်မပေါက်တဲ့ အညာသူအညာသားများ ပျော်သွားလိုက်ကြတာ။ ကြားလိုက်ရတယ် တို့မငတ်တော့ဘူးတဲ့။ အခုလို ကူညီလှုဒါန်းပေးတဲ့ ညီလေးကိုသူရ(ဒေါင်း)နဲ့ ပူးပေါင်းပါဝင်ခွင့်ပေးတဲ့ ကိုစန်းယုကျော်(မောင်ဉာဏ)၊ ကိုသန်းနိုင်ဦး(မောင်ဥယျာဉ်)၊ မနန့်ယဉ်ယဉ်ခန့်၊ မသဲနုရင်တို့ကို ကျေးဇူးအထူးတင်ပါကြောင်း” လို့ဆိုကာ ပုံတွေနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။

ပရိသတ်တွေ ချစ်တဲ့ဒေါင်းက လှူဒါန်းသလိုမျိုးဘဲ အခြားသော အနုပညာရှင်တွေကလဲ စုပေါင်းပြီးဖြစ်စေ တစ်ဦးခြင်းဖြစ်စေ တက်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေပြုလုပ်နေကြပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီးက ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုံးနော် ။

Snow(mcc)

(Visited 5549 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ