Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၉နှစ်ကျော်ကြာတွဲခဲ့ပြီးမှ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ ကျော်ထွဋ်ဆွေ

လူငယ်အများစုရဲ့ အားကျခြင်းကိုခံထားရတဲ့ အဆိုတော်ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာတို့ စုံတွဲဟာ ၂၀၂၀ခုနှစ်ရဲ့ ချစ်သူများနေ့မတိုင်ခင်မှာတော့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ဆိုကာကြေညာခဲ့ပါပြီ။ သူတို့စုံတွဲရဲ့ ရုတ်တရက်ကြေညာခဲ့တွေကြောင့် ပရိသတ်အားလုံးက အရမ်းကိုအံ့သြနေကြပါတယ်။

ကျော်ထွဋ်ဆွေပြောခဲ့တာကတော့ ” လမ်းခွဲ လိုက်ပါပြီ။ သွေး အေး သွားတဲ့နေ့ကျ ရှင်းပြပါမယ်။ အခုတော့ ဒီလောက်ပါပဲ။ 💔” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။ နန်းသူဇာကလဲ သူမရဲ့ my day မှာ “အရာရာ ငါ့အမှားပါ ” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။

မော်ဒယ် နန်းသူဇာနဲ့ အဆိုတော် ကျော်ထွဋ်ဆွေတို့ဟာ ချစ်သူသက်တမ်း (၉)နှစ်နီးပါးရှိနေပြီဖြစ်ပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက် စုံတွဲတွေဖြစ်ကာ လမ်းခွဲပြီဆိုတဲ့ သတင်းမျိုးကိုတော့ ယခုချိန်မှသာ ကြားသိခဲ့ရတာလဲဖြစ်ပါတယ်။ အဆိုပါ သတင်းကြောင့် ပရိသတ်တွေက တော်တော်လေးကို စိတ်မ​ကောင်းဖြစ်နေကြပါတယ်။

နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေတို့ ပြန်အဆင်ပြေစေဖို့အတွက် ဆုတောင်းပေးကြပါအုံးနော်။

Snow(mcc)
Source – kyaw htut swe’sfb

(Visited 6230 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ