Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၇ ရက်သားသမီးတွေကို ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးလိုက်တဲ့ စိုးသူ

ပရိသတ်တွေရဲ့အချစ်ကို အချိန်အတော်ကြာအောင် ရရှိထားတဲ့ အကယ်ဒမီသရုပ်ဆောင် လဲဖြစ်၊ အဆိုတော်လဲဖြစ်တဲ့ စိုးသူဟာ ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု နည်းပါးခဲ့ပေမယ့် သူ့ရဲ့သီချင်းတွေကိုတော့ ပရိသတ်တွေဆီ ပုံစံအသစ်တစ်မျိုးနဲ့ ပြန်လည်ချပြလာတာတွေရှိပါတယ်။ စိုးသူဟာ ဘာသာရေးနဲ့ပတ်သက်ပြီးလဲ အလေးထားသူဖြစ်သလို ပရိသတ်အပေါ်ကိုလဲ မေတ္တာတွေထားကာ ယခုလို ကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ ဘေးအန္တရာယ်ကင်းစေဖို့ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သူရဲ့ဆုတောင်းမေတ္တာတွေကတော့ ” အသက်ရှင်ရပ်တည်နေကြရတဲ့ ဘဝတစ်ခုဆိုတာ လေးလေး နက်နက် စဉ်းစားကြည့်လိုက်ရင် အလွန် တိုတောင်းလှတဲ့ ခဏလေးမှ တကယ့်ကို ခဏလေးပါ🤔 ခုနှစ်ရက်သားသမီးအားလုံး သုံးဆယ့်တစ်ဘုံသား သုဂတိ ဒုက္ခတိ ဝေနေယျသတ္တဝါ အားလုံး “

” ကပ်သုံးပါး ဘေးရန် အန္တရာယ်အပေါင်းမှအမြန်ဆုံး ကင်းစင်ပပျောက်ကြပြီး သက်ရှည် ကျန်းမာ စိတ်ချမ်းသာခြင်းများနဲ့ တလုံးတဝထဲ ပြည့်စုံနိုင်ကြပါစေ🙏🙏🙏ကမ္ဘာမြေကြီး ငြိမ်းချမ်းသာယာပါစေ 💪လို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သပါတယ်ခင်ဗျာ❤️” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

စိုးသူဟာ တစ်ခေတ်တစ်ခါက အရမ်းပိုအောင်မြင်တဲ့ မင်းသားဖြစ်ခဲ့ပြီး အောင်မြင်သောနေ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီထူးချွန်ဆုကိုလဲရရှိခဲ့သူဖြစ်ပါတယ်။ စိုးသူရဲ့သရုပ်ဆောင်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို မှတ်မိရင် ရေးပေးခဲ့ကြပါအုံးနော်။

Snow(mcc)

(Visited 459 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ