Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၆နှစ်ကျော် ကြာပြီးနောက် သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ ဘုရင်မ ဖြစ်ခဲ့ပါပြီ ဆိုတဲ့ မယ်လိုဒီ

ပရိသတ်တွေရဲ့ အားကျခြင်းကိုခံခဲ့ရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မယ်လိုဒီဟာ အချစ်နဲ့ပတ်သက်တဲ့ခံစားချက်တွေကို သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားနေပေမယ့် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အတိအလင်းပြောပြခဲ့ခြင်းမရှိပါဘူး။ ယခုအခါမှာတော့ သူ့အနေနဲ့ ၆နှစ်ကျော် အတွင်း သားချောလေးကိုပိုင်ဆိုင်ထားရပြီး ခုချိန်မှာတော့ ကျမ ဘုရင်မ ပြန်ဖြစ်သွားပြီလို့ ဆိုကာ ပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တဲ့ အပြည့်အစုံကတော့ ” လူတွေမှာ နား နှစ်ဖက်ရှိတယ်(တစ်စုံ)မျက်လုံး ၂လုံးရှိတယ်(တစ်စုံ)ပါးစပ်တစ်ပေါက်ရှိတယ်။ကြားရတာ မြင်ရတာ အမှန်လား အမှားလား ခွဲခြားနိုင်စွမ်းကတော့ အသိညဏ်ပညာနဲ့ဆင်ခြင်တုံတရားဘဲ ဘဝမှာ ယနေ့ထိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရတာ ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကအသိဆုံးဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့ရလို့ ဘေးပတ်ဝန်းကျင်ကိုတောင် လှည့်ကြည့်ဖို့မအားပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ကိုလည်း စော်ကားတတ်တဲ့စိတ်မရှိပါဘူး”

“ဘဝရဲ့အပြောင်းအလဲအတွက် အကြိမ်ကြိမ်စဉ်းစား ပြီးမှသေချာ တဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ ကျွန်မကြောင့်အကုသိုလ် အတွေး အရေး အပြောတွေ ဖြစ်မှာစိုးလို့ ကျွန်မနဲ့သားလေးကိုချစ်တဲ့သူတွေ စိတ်ပူမှာစိုးလို့ တချို့ အရေးကြီးသတင်းတွေကို တကူးတက မီဒီယာကနေ သတင်းစာကနေ မကြေငြာတာပါ ခုကာလကလည်း ကိုယ့်အသက် မိသားစုအသက် ကို အထူးဂရုစိုက်ရချိန်မှာ အကုသိုလ်စိတ် ပိုပြီး မဖြစ်စေချင်တာပါ”

“ကျွန်မဘဝကို အားကျတယ်လို့ပြောခဲ့တဲ့သူတွေကို ကျွန်မ ပြန်ပြောနေကျစကားတစ်ခွန်းရှိပါတယ်(အိမ်မှာကျွန်မနေရာမှာ တပတ်လောက်နေကြည့်ပါလို့)ခုချိန်မှာ သားရဲ့အနာဂတ်အတွက် ပညာအမွေ ဥစ္စာအမွေ ပေးနိုင်တဲ့ အမေ ဖြစ်ဖို့ဘဲကြိုးစားပါတယ်။ ဘဝလမ်းမှာ တစ်ယောက် တည်းပြေးရတာ ပိုအဆင်ပြေပါတယ်။ နှစ်ယောက်ဆို ကျွန်မ ကျောမပိုးနိုင်ဘူးလေသိက္ခာအရ ပတ်ဝန်းကျင်အနေအထားရ ကျောပိုးနိုင်လဲ ၅နှစ်ပေါ့”

“တစ်သက်လုံး ပင်ပင်ပမ်းပမ်းရှာထားသမျှ ၅နှစ်ကျော်အတွင်း သဲထဲရေသွန်သလို ခြေထောက်ကိုဒူးဆစ်က ဖြတ်ချိုးလိုက်သလို ဘဝက လူမသေ စိတ်တွေ အကြိမ်ကြိမ်သေခဲ့ရတာပါလိမ်ခြင်းကိုမုန်းတယ် မလိမ်ပါနဲ့လို့ ပြောခဲ့တဲ့သူ လိမ်တာကို ကြောက်ပါတယ်လို့ပြောမိလို့လား မသိ အကြိမ်ကြိမ်အလိမ်ခံရတယ်။ ရိုးရှင်းပါတယ် ကိုယ့်ဘဝကိုကြောင်း ကိုယ့်ထမင်းကိုယ်ရှာစားပြီး အိမ်ခြေမဲ့ အနေအထားပျက် အကြိမ်ကြိမ်အလိမ်ခံရတာတောင် ၅နှစ်ကျော် အပြုံးမပျက် တည်ငြိမ်သူ မေမေမျိုးအဖြစ် ဘဝရဲ့ဇာတ်ခုံမှာ ကိုယ့်စရိတ်ကိုယ်စား ကံကောင်းသောသူလား တိတ်တဆိတ်နေခဲ့တာပါ အကယ်ဒမီသာပေးရင် ၅နှစ်ဆက်တိုက်ကိုတစ်ယောက်တည်းရမှာ”

“ပြီးဆုံးသွာရတဲ့ဇာတ်လမ်းလေးမှာ ကိုယ်ဟာ အခြားအမျ်ုးသမီးတွေလို သိန်းပေါင်းများစွာ ကားတွေ တိုက်တွေ condo တွေ မရခဲ့သလို ကိုယ့်ကိုလူကောင်းထင်စေဖို့အလို့ငှာ သူတစ်ပါးကို သူယုတ်မာလို့ ထင်ရောင်ထင်မှားဖြစ်အောင် မရေး မပြော ခဲ့ပါဘူး ။ ပြီးဆုံးပြီးသား ဇာတ်လမ်းတပုဒ်ကိုလဲ အစကပြန်မကချင်ပါဘူး။ ထွေးပြီးသားတံတွေး ပြန်မလျှက်သလို ရွံပါတယ်ပြောပြီး ပိုက်ဆံလေးနည်းနည်းရလဲမဆိုးပါဘူးဆိုပြီး အတင်းလိုက်ပက်သတ်နေတဲ့ မိန်းမစားထဲမှာလဲ ကျွန်မ မပါဘူး”

“အမ်းပြီး ချစ်ရတာ မရှက်ပါဘူး ချူပြီး မှီပြီး လိမ်စားနေတာမှမဟုတ်တာ ငါးစိမ်းမြင်ငါးကင်ပစ်တာမဟုတ်ပါဘူး။ ငါးမြင်တာနဲ့တင် အမ်းရတော့မှာပါလားဆိုပြီးကြောက်နေပါပြီ ကြိုးစားစုပြီး အမ်းနိုင်တဲ့နေ့ သူငယ်ထောင်ဦးမှာပါ😇 ချစ်သာသူများ အကုသိုလ်အတွေး အရေး အကြား ကင်းစေဖို့ တိတ်တဆိတ်နေနေခဲ့တာပါ။ အခြေနေအရပ်ရပ်ကိုစဆုံး သိပြီး ချစ်ကြ အားပေးကြတဲ့ အစ်မတွေ အစ်ကိုတွေနဲ့ ဟင်းတွေ တနေ့တမျိုးမရိုးနိုင်အောင် ပို့ပေးကြတဲ့ မေမေစန်းနဲ့ ချစ်ရပါသော အစ်မများကိုလည်း ကျေးဇူးတင်ပါတယ်ရှင်🙏🏻”

“ဘာအကြောင်းကြောင့်နဲ့မှမလိမ်နဲ့ အဖြူရောင်မုသားလဲမသုံးနဲ့ မေးတာ မဖြေလို့ရတာ ဖြေရင်တော့ အမှန်တရားဖြစ်ပါစေ ရိုးသားတာလေးကိုတပ်မက်ခဲ့တာလေ ရိုးသားတာလေး မရှိတဲ့နေ့ bye bye ဘဲလို့ အစကတည်းကအကြိမ်ကြိမ်သတိပေးခဲ့တာဘဲ ကိုယ့်ဘဝမှာဖြူစင်ခြင်းအားနည်းခဲ့လို့ တကူးတကဖြူတာရှာထားပါတယ်ဆိုမှ လိမ်ခြင်းကရင်ဝကို စုံကန်တော့တာဘဲ ခုတော့ တရားဝင်ပြောပါတော့မယ် 🌟ကျွန်မ ဘုရင်မ ပြန်ဖြစ်သွားပြီ🌟”

” 😇၆နှစ်ကျော် ကြိုးစားခဲ့လို့ သိပ်ချောတဲ့သားလေးတစ်ယောက်တော့ ဘုရားကဆုလက်ဆောင်အဖြစ်ပေးလိုက်တယ်ရှင်😇ဆုံးရှုံး မူတွေများပေမယ့် မိတ်ဆွေ အဖြစ်တော့ တည်ရှိနေပါတယ်😎 သူ မဖောက်ပြန်ဘူး ဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တယ်။ တယောက်နဲ့တယောက် သည်းခံနိုင်တဲ့အကြောင်း တရားခြင်းမတူဘူးလေ စုံစမ်းမေးမြန်းခြင်းသည်းခံပါ🙏🏻” လို့ ဆိုကာ ရင်ဖွင့်စကားသံတွေကို ပြောပြခဲ့ပါတယ်။

မယ်လိုဒီဟာ အိမ်ထောင်သည်ဖြစ်ပေမယ့် ယနေ့ချိန်ထိ အပျိုတွေရှုံးလောက်အောင် လှပကျော့ရှင်းနေဆဲ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်တွေက သူ့အတွက် ခွန်အားဖြစ်စေမယ့်စကားတွေပြောပြပေးကြဖို့ မမေ့ပါနဲ့နော် ။ ဖတ်ရူ့ပေးကြလို့ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 118570 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ