Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၅ထောင်တန်၊ တစ်သောင်းတန် တွေနဲ့စည်းထားတဲ့ ပန်းစည်းတွေ လက်ဆောင်ရခဲ့တဲ့ ဖြိုးမြတ်အောင်

မြန်မာအိုက်ဒေါပြိုင်ပွဲကြီးရဲ့ Season 3 မှာ winner ဆုရရှိထားတဲ့ အဆိုတော်ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲကြီးပြီးလို့ အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေချိန်မှာတော့ ချစ်ခင်အားပေးတဲ့ပရိသတ်ပိုမို ရရှိလာခဲ့တာဘဲဖြစ်ပါတယ်။ သူဟာ ယခုနှစ်သစ်မှာလဲ Padamyar FM မှ ချီးမြှင့်တဲ့ ” ဒုတိယ ဘုရား သခင် သီချင်းဖြင့် Song of the year- 2019ဆု ကို ရရှိခဲ့ပါတယ်။

အဆိုပါပွဲမှာ သူ့ကိုချစ်တဲ့ပရိသတ် တစ်ချို့က ငါးထောင်တန်တွေနဲ့ပြုလုပ်ထားတဲ့ ပန်းစည်းတွေ၊ တစ်သောင်းတန်နဲ့ ပြုလုပ်ထားတဲ့ ပန်းစည်းတွေကို ပရိသတ်တွေက မေတ္တာလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့ ပံ့ပိုးမှုကြောင့် လဲ ပတ္တမြား fm ကချီးမြှင့်တဲ့ ဆုတွေကို ထပ်မံရရှိခဲ့ပါတယ်။

ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ ဒုတိယ ဘုရားသခင် ဆိုတဲ့သီချင်းနဲ့ ဆုထပ်မံရရှိခဲ့ပြန်ပါတယ်။ အဆိုပါ ဆုနဲ့ပတ်သက်ပြီး ” ဒုတိယ ဘုရား သခင် သီချင်းဖြင့် Song of the year- 2019ဆုကို Padamyar FM မှရရှိခဲ့ပါတယ်။ အခုလိုဆုရအောင် သီချင်းတွေတောင်းပေးခဲ့သော ကျွန်တော်မိသားစုဝင်များအားလုံးနှင့် Padamyar FM၊Padamay FM Team တခုလုံး ကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ။Trophy လေးကိုလည်းအရမ်းကြိုက်ပါတယ်။ Padamyar FMလည်းဒီထက်မကအောင်မြင်ပါစေနော်” လို့ကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

သူ့က လက်ဆောင်ရတဲ့ပန်းစည်းတွေနဲ့ပတ်သက်ပြီလဲ ” 2020 သို့ အချစ်ကလေးတွေ ပေးတဲ့ မေတ္တာ လက်ဆောင် လေးတွေနဲ့ အတူ ချီတက်နေသော တက်လမ်း တွေ ရှိသော ကောင်လေး
အားလုံးကို အရမ်းချစ်တယ်နော်❤️❤️❤️” လို့ ဆိုပြီးလဲ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow (mcc)
Source – phyo myat aung’sfb

(Visited 30852 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ