Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၄ တန်းကျောင်းသား ဘဝထဲက ကြိတ်ကြွေနေရတဲ့ မင်းသားရှိတယ်လို့ ရင်ဖွင့်လာတဲ့ ကျော်ကျော်ဗို

ပရိသတ်အင်အား တောင့်တင်းတဲ့ နိုင်ငံကျော်မင်းသား တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗိုဟာ သူ့ရဲ့ ငယ်စဉ်ထဲက ကြိတ်ကြွေခဲ့ရတဲ့ မင်းသားတစ်ယောက်ရှိနေကြောင်း ရင်ဖွင့်လာပါတယ်။ ကျော်ကျော်ဗိုပြောတဲ့ မင်းသားကတော့ တခြားသူမဟုတ်ပါဘူး နှင်းဆီအငြိမ့်အဖွဲ့သားတွေထဲက အသက်ကြီးနေသော်လည်း အများနဲ့ မတူတဲ့ နုပျိုမှုကို ပိုင်ဆိုင်ထားတဲ့မင်းမော်ကွန်းဘဲ ဖြစ်ပါတယ်။

ကျော်ကျော်ဗို က မင်းမော်ကွန်းရဲ့မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးရင်း ခုလိုလေး ဆေးထိုးလိုက်တာပေါ့နော်။ အဲ့ဒါကတော့ ” ကျွန်တော် ၄ တန်းနှစ်ကတည်းကခုချိန်ထိ အရမ်းကြွေခဲ့ရတဲ့မင်းသား 😜 “Happy Birthday” ပါ 🥳 မြန်မာ့ရုပ်ရှင်လောက မှာ ရှားရှားပါးပါးတစ်ဦးတည်းသော ” ကလေးမင်းသား “😊” လို့ဆိုကာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

ပရိသတ်ချစ်တဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းမော်ကွန်းဟာ ဖေဖော်ဝါရီလ ၂၆ရက်နေ့က သူ့ရဲ့မွေးနေ့ဖြစ်ခဲ့ပြီး အသက်၄၀ကျော် အရွယ်ဖြစ်သော်လည်း အများနဲ့မတူတဲ့နုပျိုခြင်းတွေကို ရရှိပိုင်ဆိုင်ထားတဲ့သူ ဖြစ်တာကြောင့် ကလေးမင်းသားအဖြစ် အားလုံးက ချစ်စနိုးနဲ့ စနောက်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

ကိုကြံ့ ကတော့ သူ၄တန်းထဲက ကြိုက်ခဲ့ရတာပါတဲ့ ပရိသတ်ကြီးကရော ဘယ်အရွယ်ထဲက သဘောကြခဲ့ရတဲ့မင်းသားလဲပြောပြခဲ့ကြပါအုံးနော်။

Snow(mcc)
Source – kyaw kyaw bo’sfb

(Visited 23640 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ