Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၄၈ နှစ်ပြည့် မွေးနေ့ပွဲလေးကို မိသားစုနဲ့ကျင်းပနေတဲ့ ခိုင်သင်းကြည်

ယနေ့မှာကျရောက်တဲ့ ခိုင်သင်ကြည်ရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် မိသားစုနဲ့အတူ ညစာစားပွဲလေးကျင်းပခဲ့ပါတယ်။ သူမဟာ အချိန်အတော်ကြာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်လို့ဆိုရမှာပါ။ ယယနေ့အထိ အနုပညာလုပ်ငန်းတွေကို အဆက်မပြတ် လုပ်ကိုင်နေရတဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။

သူမက အလွမ်း အဆွေး ဇာတ်ကြမ်း ဇာတ်နု ဘယ်လို ဇာတ်ကောင်ကိုမဆို အကောင်းဆုံးသရုပ်ဆောင်နိုင်သူဖြစ်ပြီး ဟာသဉာဏ်ရွှင်တဲ့အနုပညာရှင်တစ်ဦးဖြစ်သလို ဟာသဇာတ်ရုပ်တွေမှာလဲ ပရိသတ်တွေပြောစမတ်တွင်လောက်အောင် ပီပြင်စွာ သရုပ်ဆောင်နိုင်သာဖြစ်ပါတယ်။

ခိုင်သင်ကြည်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ရုံတင်ပြသဆဲကားတွေ ပြသပြီးတဲ့ ကားတွေ များစွာရှိနေပြီး နောက်ပိုင်းမှာလဲ ထပ်မံရုံတင်မယ့်ကားတွေရှိနေပါသေးတယ်။

ဒီလိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဟာ မွေးနေ့အလှူအဖြစ် သင်္ကန်းကျွန်းမြို့နယ် ဗြဟ္မဝိဟာရကျောင်းတိုက် မှာ အလှူပွဲလေး ကျင်းပပြုလုပ်ခဲ့ပြီး ယခုညပိုင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ချစ်တဲ့ပရိသတ်တွေ အတွက် သူတို့ရဲ့ကြည်နူးစရာ ပုံရိပ်လေးတွေကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်နော်။

Snow (MCC)

(Visited 6982 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ