Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၂၀၂၂ ခုနှစ်မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲလေး ပြုဖို့ ရည်ရွယ်ထားပါတယ် ဆိုတဲ့ အေးမြတ်သူ

ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အေးမြတ်သူက ယနေ့ သူ့ရဲ့မွေးနေမှာတော့ အပျိုကြီးဘဝက ကျွတ်ဖို့ ရည်ရွယ်ထားတဲ့အကြောင်းကို ပရိသတ်ကို အသိပေးလာပါတယ်။ အကယ်ဒမီ အေးမြတ်သူဟာ သူ့ရဲ့ လက်ရှိချစ်သူကြောင့် ကြည်နူးစရာတွေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားသိရှိခဲ့ရပြီး လာမယ့် ၂၀၂၂ခုနှစ်မှာတော့ ချစ်ရသူနဲ့ လက်ထပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

သူပြောခဲ့တဲ့ အပြည့်အစုံကတော့ “ဒီနေ့ ဒီလောက်ထိပျော်ရွှင်ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ လူတယောက်ရဲ့ပျော်ရွှင်မှု့ က ငွေကြေးနဲ့မဆိုင်ဘူး..သူရဲ့လိုအပ်ချက်ကိုနားလည်ဖြည့်ဆည်းပေးနိုင်ဖို့နဲ့သာသက်ဆိုင်တာပါ……🙏🙏🙏သစ္စာရှိပြီးနားလည်ပေးနိုင်တဲ့ချစ်သူနဲ့ မေတ္တာတရားတွေနဲ့စောင့်ရှောက်ပေးနေကြတဲ့ချစ်ရသူတွေကြောင့် ကျမ စိတ်ဓာတ်ခွန်အားတွေပြန်ရခဲ့တယ်…..”

“ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုဖန်တီးခွင့်ရမယ်လို့….ပိုယုံကြည်လာတယ်…..🙏🙏🙏ဒီလိုနေ့ရက်တွေသာဖန်တီးခွင့်ရမယ်ဆိုအသက်၄၃နှစ်မှာလည်း ကျမ ဒီအတိုင်းလေးရှိနေမှာပါ ချမ်းသာခြင်းဆိုတဲ့နေရာမှာ…စိတ်ချမ်းသာခြင်းကိုသာ ကျမ ရွေးခြယ်နေထိုင်ချင်ပါတယ် …..ဒီအသက်၃၄နှစ်မှာ ကျမ ဒီလိုလေးကြည့်ကောင်းနေမယ်လို့ အသက်၁၆/၁၇နှစ်လောက်ကမျှော်လင့်ခဲ့ဘူးတယ်”

“အိမ်ထောင်ကျလို့ ခလေး၂ယောက်လောက်နဲ့ မိသားစုစားဝတ်နေရေးတွေကြားထဲမှာနစ်မွန်းနေမယ်..အရမ်းကိုရုန်းကန်နေရမယ်လို့ထင်ခဲ့မိတာ….🙏🙏🙏ဒီနေ့ဒီလိုလေးပြုံးရယ်ခွင့်ရခဲ့လို့.. မွေးဖွားမေးခဲ့တဲ့မိဘ နှိမ့်တစ်ချည်/မြင့်တစ်လှည့်ကြားထဲမှာတူတူရုန်းကန်ပေးခဲ့တဲ့ချစ်ရတဲ့မိတ်ဆွေအရင်းကြီးတွေနဲ့အားပေးစောင့်ရှောက်ကြတဲ့ဒီစာကိုဖတ်နေသောချစ်ရသူတွေထိုးနှက်ပြစ်တင်ရင်းအမြင့်ရောက်အောင်မြှင့်တင်ပေးခဲ့တဲ့မိတ်ဆွေတွေ……ခုချိန်ထိမေတ္တာမပျက်အမုန်းမရှိချစ်ခင်စောင့်ရှောက်ပေးတဲ့ချစ်သူဟောင်းတွေ……..ခုချိန်မှာအနားမှာနွေးထွေးကြင်နာစွာနဲ့ကာကွယ်စောင့်ရှောက်ပေးတဲ့ချစ်သူ… အားလုံးအားလုံးကိုအရမ်းချစ်ရပါသည်…..”

“စကားမစပ်၂၀၂၂မှာ အသက်၃၆နှစ်မှာလက်ထပ်နိုင်ဖို့ ကျမ မျှော်လင့်ထားပါတယ်….အရမ်းကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးဖြစ်ချင်မှဖြစ်မယ်…ခမ်းနားတဲ့ချစ်ခြင်းတရားတွေနဲ့မင်္ဂလာပွဲကြီးဖြစ်ချင်ပါတယ်….ချစ်ရသူတွေအားလုံး ဆုတောင်းပေးကြပါနော်…🙏😍 ” လို့ ဆိုကာ သူရဲ့ခံစားချက်တွေကို ပြည့်ပြည့်စုံစုံလေး ရေးသားဖော်ပြလာခဲ့ပါတယ်။

သူက ယနေ့မှာတော့ အသက် ၃၄နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီးဖြစ်ပါတယ်။ သူက သရုပ်ဆောင်ကောင်းသလို လူမှုဆက်ဆံရေးလဲ ကောင်းမွန်သူဖြစ်ကာ ပရိသတ်တွေရော မီဒီယာတွေရဲ့ အချစ်ကိုပါ သိမ်းပိုက်ထားနိုင်တဲ့ အကယ်ဒမီ မင်းသမီးချောတစ်ဦးပါ။ အေးမြတ်သူတစ်ယောက် အကယ်ဒမီတွေလဲ ထပ်မံရရှိကာ မျှော်လင့်ထားတဲ့ မင်္ဂလာပွဲလေးလဲ အထမြောက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Snow(mcc)

(Visited 2166 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ