Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၂၀၂၀ ရဲ့ ပထမဆုံးသော ရုပ်ရှင်ဇာတ်ကားကြီးကို ပိုင်တံခွန်နဲ့ ရိုက်ကူးမယ့် ဝတ်မှုံရွှေရည်

ပရိသတ်အင်အားတောင့်တင်းတဲ့ အနုပညာရှင် ၁၀ဦးစာရင်းဝင်လို့ ဆိုရမယ့် အကယ်ဒမီ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ သရုပ်ဆောင်အသစ်တွေကို လက်တွဲခေါ်တဲ့ မင်းသမီးတစ်ဦးပါ။ ယခုအခါမှာလဲ သရုပ်ဆောင် အသစ်တွေနဲ့ရိုက်ကူးမှာဖြစ်ပြီး ကောင်မလေးတွေရဲ့အသည်းကျော် ပိုင်တံခွန်နဲ့ ရိုက်ကူးမှာလို့သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ” 2020 အတွက်ကစ်ရဲ့ ပထမဆုံးရုပ်ရှင်ကား ကြီးဖြစ်တဲ့ အိမ်မက်မြစ် ကားကြီးအတွက် ကန်တော့ပွဲပေးပွဲနှင့် စာနယ်ဇင်းပွဲလေးကျင်းပခဲ့ပါတယ်။ အိမ်မက်မြစ် ရုပ်ရှင်ကားကြီးမှာ ဇာတ်အသစ် မင်းသားအသစ် ဇာတ်ရုပ်အသစ်တွေနဲ့ ဘယ်လို ဖန်တီးအသက်သွင်းကြမလည်းဆိုတာ စောင့်ကြည့်ပေးနော်😘😘😘” လို့ ဆိုပြီး ဝတ်မှုံရွှေရည်ကပြောပြခဲ့ပါတယ်။

အိမ်မက်မြစ်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုပေါက်က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး မင်းသမီးဝတ်မှုံရွှေရည်နဲ့ မင်းသား ပိုင်တံခွန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာလဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေက ဝန်းရံကြဖို့အသင့်ဖြစ်နေပြီမဟုတ်လား။ ဖတ်ရူ့ပေးသူတွေကို ကျေးဇူးတင်ပါတယ်။

Snow(mcc)
Source – wuttmhoneshweyi’sfb

(Visited 402 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ