Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၂၀၂၀ မှာတော့ အချစ်ရေး ကိုပွင့်လင်းစွာ မချပြတော့ဘူး ဆိုတဲ့ ထွန်းထွန်း

ပရိသတ်တွေချစ်တဲ့ အဆိုတော်အဖြစ်လဲအောင်မြင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်တဲ့ အနုပညာရှင်လို့ဆိုရမယ့် အကယ်ဒမီထွန်းထွန်းဟာ သူ့ရဲ့ ၂၀၂၀မှာ ထူးခြားတဲ့ အစီအစဥ်တစ်ခုကိုပြောပြလာခဲ့ပါတယ်။ သူဟာအမြဲလိုလို အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ် နဲ့ ပွင့်လင်းမြင်သာစွာနေထိုင်ခဲ့သူ တစ်ယောက်ဖြစ်ပေမယ့် ယခုနှစ်မှာတော့ မချပြတော့ဘူးဆိုတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ ” မင်္ဂလာပါ ကျွန်တော့်ရဲ့ လူမှုရေးကိစ္စဖြစ်တဲ့ အချစ်ရေး အချစ်ရာများကို ၂၀၂၀ကနေစပြီးပြည်ဖုံးကားချလိုက်ပါပီ. ဘယ် Interview ဘယ် Media ဘယ် Social platforms တွေမှာ မှ မရေး/ မတင် သလို ဖြေဆိုချင်းလည်းမပြုလုပ်တော့ပါဘူးခင်ဗျာ. ချစ်သော စာနယ်ဇင်း ဆရာ/ဆရာမ ညီငယ် ညီမငယ်များ အားလုံးကိုလည်း ဒီနေရာကနေ ပန်ကြားပါတယ် အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ” လို့ သူကပြောပြခဲ့ပါတယ်။

ထွန်းထွန်းဟာ အဆိုတော် တစ်ဖြစ်လဲ သရုပ်ဆောင် ၊ သရုပ်ဆောင်တစ်ဖြစ်လဲ လူရွှင်တော် လဲ ဖြစ်ခဲ့သလို အရမ်းကိုချစ်တက်ပြီး အရမ်းကို Ro တဲ့ သူတစ်ယောက်ပါ။ သူကို ရည်းစားများတယ်လို့ ပရိသတ်တွေက ဝေဖန်တာတွေရှိပေမယ့် ယခုလိုအချိန်မှာတော့ သူ့အချစ်ရေးဟာ အရမ်းကို အေးချမ်းတည်ငြိမ်နေပါပြီ ။

လေယာဥ်မယ် ချစ်သူကောင်မလေးကို အရမ်းအရမ်းကို ချစ်နေတဲ့အကြောင်းတွေ လွမ်းနေတဲ့ အကြောင်းတွေကို နေ့တိုင်းနီးပါး ရေးသားဖော်ပြခဲ့ပါတယ်။ ဒီလို အပြုအမူတွေကို သူ့အနေနဲ့ ယခု၂၀၂၀မှာ ထပ်မလုပ်တော့ပါဘူးလို့ ဆိုကာ ပရိသတ်နဲ့ မီဒီယာ ကို သူ့ဖေ့စ်ဘုတ်မှာ စာသားလေးတွေ ရေးသားပြီး အသိပေးခဲ့တာလဲဖြစ်ပါတယ်။

Snow(mcc)

(Visited 3203 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ