Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၀ တာဘာဖြစ်လဲ ရှင့်ခေါင်းပေါ်တက်ထိုင်နေလို့ လားဆိုပြီး မေးလိုက်တဲ့ အေသင်ချိုဆွေ

ပရိသတ်ချစ်တဲ့အဆိုတော်သရုပ်ဆောင် အေသင်ချိူဆွေဟာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့အတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ သူမက သီချင်းတွေစတင်သီဆိုခဲ့တဲ့အချိန်ထဲက ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်ပေါက်စလေးပါ။ သူမကနောက်ပိုင်းမှာတော့ရုပ်ရှင်ကားတွေလဲ များစွာရိုက်ကူးလာပြီး အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီ နောက် လူမှုရေးပြဿနာတစ်ချိူ့ကြောင့် အနုပညာနဲ့ဝေးကွာခဲ့ပြီး ယနေ့အချိန်မှာတော့ သီချင်းတွေ ပြန်လည် လုပ်ဆောင်နေပြီး ပရိသတ်တွေကလဲ အရင်လိုဘဲ လက်ခံအားပေးခဲ့ကြပါတယ်။ ယနေ့မှာတော့ ပေါက်ကွဲသံစဥ်တစ်ခုကို ဝ တဲ့သူတွေကိုယ်စား သတ္တိရှိရှိနဲ့ ထုတ်ပြောလာပါပြီ။

သူမပြောခဲ့တာ ကတော့ ” ကျွန်မက ‘ဝ’ တယ်လေ၊ ဘာဖြစ်လို့လဲ? ကျွန်မကရှင့်ခေါင်းပေါ်တက်ထိုင်နေလို့လား?ဟုတ်တယ်…..🤬သူများကလေးအမေတွေက အပျိုတောင်ရှုံးတယ် လှကျတာ” လို့ လာမယှဉ်နဲ့လေ။ အဲ့လိုယှဉ်ပြီး ပြောတာလောက်မုန်းတာမရှိဘူး။ လူတိုင်းမှာ သူ့တန်ဖိုးနဲ့ သူ ရှိပြီးသား။ ယှဉ်စရာကိုအကြောင်းမရှိဘူး”

“စေတနာနဲ့လည်း မပြောနဲ့ ကိုယ်လည်းဘာမှလုပ်
ပေးတာမဟုတ်ပဲနဲ့။ (ပါးစပ်စေတနာက အပြောမတတ်ရင် ထမှီလှန်ပြသလိုပဲတဲ့နော်။ ) (ကျွန်မ နေရာကနေ တရက်လောက်လာနေကြည့်ပါလား( ရူးတောင်သွားမယ်) ) “

“ကျွန်မ က သူတို့လို မလှတာနဲ့ သေပေးရမှာလား? ကျွန်မ က ကျွန်မပဲ ။ ကျွန်မ ဘဝ နဲ့ ကျွန်မ။ ကျွန်မ ခံယူချက်နဲ့ ကျွန်မ။ကျွန်မ အလှ နဲ့ ကျွန်မ။ ဒီနိုင်ငံမှာ “ဝ” တယ်ဆိုတာနဲ့ ကဲ့ရီစရာ စောက်ခွက်ပြောင်စရာကြီးကိုဖြစ်လို့။Bအဲ့ဒီအစွဲတွေကို ချွတ်ပစ်မှာ မပူနဲ့။ ကွယ်ရာမှာ ပြောချင်ပြော $ဂရုမစိုက်ဘူး ဒဲ့တော့လာမပြောနဲ့ အာမ မခံနိုင်ဘူး ” လို့ ဆိုပြီးရေးသားခဲ့ပါတယ်။

အေသင့်ရဲ့ချစ်ပရိသတ်တွေနဲ့ ဝတုတ်လေးအတွက် ခွန်အားဖြစ်စေမယ်လို့ ထင်မိပါတယ်။

Snow(mcc)

(Visited 13966 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ