Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

၀တ်ကောင်းစားလှဝတ်ပြီး အစားအသောက် တန်းစီယူရတာ သဘောမကျဘူးဆိုတဲ့ ခင်လှိုင်

ယခုနှစ်မှာပြုလုပ် ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပရိသတ်တွေ အတွက် စိတ်မကျေနပ်စရာတွေ ရှိခဲ့သလို အနုပညာရှင်တစ်ချို့ရဲ့ မကျေနပ်တဲ့ အသံတွေကိုလဲ ပွဲပြီး ကတည်းကကြားသိခဲ့ရပါတယ်။ အဲ့ဒီထဲမှာတော့ ဆုတွေနဲ့ ပတ်သက်ပြီး မကျေနပ်ခဲ့တာတွေကို ပြောဆိုနေကြတာပါ။ သို့ပေမယ့် ဦးခင်လှိုင်ကတော့ အများနဲ့ မတူတဲ့ အဆင်မပြေမှုတစ်ချို့ကို ပြောပြလာပါတယ်။

သူပြောခဲ့တာကတော့ “ အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်သဘောမကျတာ တခုတော့ ရှိပါတယ်။ အကုန်လုံးပွဲတက်လာတဲ့သူတွေ အားလုံးက ဝတ်ကောင်းစားလှတွေ ဝတ်ပြီးတော့ အစားအသောက်ကို တန်းစီပြီးယူနေရတာကတော့ သိပ်သဘောမကျဘူးဗျာ။ ဒါကြီးကတော့ ပြောရရင် မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မယူလို့ကလည်း မဖြစ်ဘူး ပွဲချိန်က ဘယ်လောက်ကြာမလဲမသိဘူးလေ။ ဗိုက်ကဆာ တယ်ဆိုတော့လည်း သွားပြီးတော့ တန်းစီရတာပေါ့”

“ ကျွန်တော်ဆို တောင်ရှည်ကြီးနဲ့ ပိုဆိုးတယ်။ မုန့်ထုတ်တွေ သွားပြီးတော့ တန်းစီရတာပေါ့။ အမှန်တကယ်တော့ ဟိုအရင်နှစ်တွေတုန်းကလိုမျိုး ခုန်တွေပေါ်တင်ထားလိုက်ရင် ဒီလိုမျိုး ရုပ်မပျက်ဘူးပေါ့နော်။ ကိုယ့်ထိုင်ခုံလေးမှာ အထုတ်လေးတွေ တင်ထားရင် ဒီတိုင်းစားလိုက်ရုံပဲ။ တန်းစီစရာ မလိုဘူးပေါ့” ဆို ကာ သူ့အမြင်နဲ့ အဆင်မပြေတဲ့ အကြောင်းလေးကို ပြောပြခဲ့ပါတယ်။

ဦးခင်လှိုင်ဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ကားတွေဆက်တိုက်ရိုက်ကူးနေတယ်လို့လဲ သိရပါတယ်။ ဖတ်ရှု့မိတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snowpiki(MCC)

(Visited 645 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ