ဦးဇင်ဝိုင်း ကတော့ ဥက္ကဌအဖြစ်မှ နှုတ်ထွက်လိုက်တဲ့ အကြောင်းကို ပြောပြလာပါပြီ

ရုပ်ရှင်မင်းသားကြီးအဖြစ်တစ်ခေတ်တစ်ခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ မင်းသားကြီးတစ်လတ်လို့ပေယြရင်လဲ မမှားပါဘူး ။ သူဟာတစ်ဖြေးဖြေးနဲ့ အသက်အရွယ်ကြီးမားလာတာနဲ့အမျှ ဦးလေးကာရိုက်တာတွေ ဖခင်ကာရိုက်တာတွေ ရိုက်ကူးလာရတာနဲ့ အတူ အနုပညာလောက ရုပ်ရှင်လောကရဲ့ အားကိုးအားထားပြုရတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရဲ့ ဥက္ကဌတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပထမအကြိမ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂ နှစ်ကျော်ကြာတဲ့ အချိန်မှာတော့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖြစ် ၂၀၁၇ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့်လဲ ဦးဇင်ဝိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ်မှ ရပ်နားလိုက်ပြီလို့ သိရပါတယ်။ ဒီလို ရပ်နားလိုက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ (၁) အချက် ပြောချင်တာက ကျွန်တော် ကျန်းမာရေးကြောင့် လုံးဝမဟုတ်ပါဘူးခင်ဗျာ။ ကျန်းမာရေးကောင်းပါတယ်။ ကျန်းမာရေးကြောင့်မဟုတ်ဘူး။(၂)အချက်က ပုဂ္ဂိုလ်ရေးလည်း မဟုတ်ပါဘူး၊ လူမှုရေးလည်း မဟုတ်ပါဘူး။ ပြီးတော့ ဘာအပြစ်မှလည်း မရှိပါဘူး။ ကျွန်တော် ကိုယ်တိုင်ကိုယ်က ဆက်လက်လုပ်ဆောင်ဖို့အတွက် အကျိုးရှိဖွယ်မမြင်လို့ ဆက်လုပ်ဆောင်ရန် ဆန္ဒမရှိတော့လို့ နုတ်ထွက်ခြင်း ဖြစ်ပါတယ်’’

‘’ဖိအားကတော့ အလွန်များပါတယ်။ သို့သော်ဒါကတော့ ကျွန်တော်တို့အတွင်းစည်းပါ။ အကုန်လုံးလည်း မပြောပြချင်ပါဘူး။ သဘောထားကွဲလွဲမှုတွေရှိလာတဲ့အတွက် ဆက်လက်လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆလို့ ထွက်တာပါ။ ကျွန်တော်တာဝန်ယူထားတဲ့ ကိစ္စတွေအကုန်လုံး လွှဲပြောင်းပေးတာပါ။ အစအဆုံးပြောပြရမယ်ဆိုရင်လည်း အဆင်ပြေနိုင်ဖွယ်ရာမရှိဘူးလေ။ အများကြီးဖြစ်နေဦးမှာပါ။ အဓိက ကတော့ ကျွန်တော်ပြောလိုချင်တာ ဒါပါပဲ’’ လို့ ဆိုပြီး နိုဝင်ဘာလ ၅ ရက်နေ့က မီဒီယာတွေရဲ့အင်တာဗျူးမှာပြောပြခဲ့ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူး နေရာမှ ဦးဇင်ဝိုင်း က နိုဝင်ဘာ ၁ ရက်နေ့က နုတ်ထွက်စာ တင်ခဲ့ပြီး လစ်လပ်သွားတဲ့ ဥက္ကဋ္ဌရာထူးအတွက် ဒါရိုက်တာ ဉီးညီညီထွန်းလွင် အား ရွေးချယ် တင်မြှောက်လိုက်ပါပြီ။ ဦးဇင်ဝိုင်း ရဲ့ ပရိသတ်ကြီးအတွက် ဒီအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မျှဝေသွားဖို့မမေ့ပါနဲ့။

Snow(mcc)
Source – Duwun’ sfb, မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

(Visited 7197 times, 43 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ