Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဦးကျော်သူ နှလုံးသွေးကြောလဲခဲ့ရတဲ့ထိ သရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကား ရုံတင်ခွင့်မရတော့ပါ

အခြေခံလူတန်းစားတွေရဲ့ ဘဝ၊ တောင်းစားကြတဲ့ လူတွေရဲ့ ဘဝပေးအခြေအနေတွေကို ဦးစားပေးရိုက်ကူးထားပြီး တကယ့်ကို သဘာဝကျကျလုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ကျော်သူ၊ အောင်ရဲလင်း၊မို့မို့မြင့်အောင် နဲ့ သင်ဇာဝင့်ကျော်တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်က “ ပိုက်ဆံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ရုံတင်ပြသဖို့ စောင့်နေခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ပြသတော့မှာ မဟုတ်ဘဲ Sky Net Pay Par View မှာဘဲ ပြသတော့မှာဖြစ်တယ်လို့ ဦးကျော်သူက သူ့ရဲ့ ခံစားချက်တွေနဲ့ အတူ ရေးသားဖော်ပြခဲ့ပါတယ်။

ဦးကျော်သူပြောခဲ့တဲ့ အပြည့်အစုံကို ဖော်ပြပေးပါမယ်နော်။ “ ကျွန်တော် Heart attack ရခဲ့တဲ့ရုပ်ရှင်ကား။ ကျွန်တော့် နှလုံးသွေးကြောလေးချောင်းလဲခဲ့ရတဲ့ ရုပ်ရှင်ကား။ ကျွန်တော့် နှလုံးသားထဲ အမည်မသိ ထိုင်းသွေးများသွင်းခံခဲ့ရတဲ့ ရုပ်ရှင်ကား။ ကျွန်တော့် ပရဟိတသွေး စကားလုံးများ ပစ်သွင်းခဲ့တဲ့ ရုပ်ရှင်ကား။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့အနုပညာရှင်တွေကတော့ ရင်နာမိတဲ့ “ပိုက်ဆံ” ထူးချွန်ဆုတွေ အများကြီး ဆွတ်ခူးနိုင်သည့် ” ပိုက်ဆံ ” ရုပ်ရှင်ဇာတ်ကားကြီး ရုံမတင်ဖြစ်တော့!”

“ ဧရာဝတီမြစ်ကမ်းဘေးမှာ ကျူးကျော် တဲလေးတွေထိုးပြီးရိုက်ကူးခဲ့တဲ့ ” ပိုက်ဆံ ” ရုပ်ရှင်ဇာတ်ကားကြီးဟာ အောက်ခြေလူတန်းစားတွေရဲ့ဘဝ …တောင်းစားတဲ့လူတွေရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ဇာတ်ကားကြီး လို့သိရပါတယ်။ ရိုက်ကူးစဉ်ကာလကတည်းက ကျော်သူ နဲ့ မို့မို့မြင့်အောင် ရဲ့ အားပြိုင်မှု အောင်ရဲလင်း သင်ဇာဝင့်ကျော် တို့ရဲ့ အခြားကားတွေမှာ မြင်ရခဲတဲ့ ဇာတ်ဝင်ခန်းပုံရိပ်တွေ ကြောင့် ပရိသတ်များက ထူးချွန်ဆုတွေအများကြီး ရနိုင်တယ်လို့ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ကြတာပဲ ဖြစ်ပါတယ်…”

“ ဆင်ဆာလူကြီးမင်းများရဲ့ ကျေနပ်အားရမှုကို အပြည့်ရခဲ့တယ်လို့ ဆင်ဆာလူကြီးတစ်ယောက် post တင်တာ ဖတ်ခဲ့ရပြီး …ဒါရိုက်တာကလည်း ” တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရိုက်ကူးခဲ့တဲ့ ကိုနေပိုင် ပဲမို့ ကလေးတွေအများကြီး ပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးမှာလည်း ကလေးသရုပ်ဆောင်ဆုတွေပါ ပါဝင်နိုင်တယ်လို့ ပြောကြားခဲ့တာ ပဲဖြစ်ပါတယ်။ နာမည်ကြီး ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျော်သူ၊ မို့မို့မြင့်အောင်၊ အောင်ရဲလင်း၊ သင်ဇာဝင့်ကျော် တို့ရဲ့ အားပြိုင်မှုအပြင် မျက်နှာသစ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ထူးမြတ် ၊မင်းဆက်သစ် တို့နှင့်အတူ ရှိန်းမင်းသန့် ( ဘွန္တောကြက်သူခိုး)၊ သိမ်မွေ့သံစဉ် နဲ့ သော်ဘုန်းဆက် စတဲ့ ကလေးသရုပ်ဆောင် တွေအများကြီး ပါဝင်ထားတာပဲ ဖြစ်ပါတယ်”

“ ဒီဇာတ်ကားကြီးကိုတော့ Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးကနေ မြန်မာ့အငွေ့အသက်တွေပါတဲ့ နိုင်ငံတကာအထိ ထိုးဖောက်နိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးပြီးစီးခဲ့သော်လည်း အကြောင်းကြောင်း ကြောင့် ရုံမတင်ဖြစ်တော့ပဲ ” Sky Net Pay Par View မှာပဲ ပြသဖြစ်တော့မယ် “လို့ ထုတ်လုပ်သူ ကိုဝေမင်းမောင် က ယနေ့မနက်မှာ ကြေညာခဲ့တာပဲဖြစ်ပါတယ်။ စောင့်မျှော်နေတဲ့ ပရိသတ်များကလည်း စိတ်မကောင်းဖြစ်နေကြပြးီ ပိတ်ကားပေါ် ရောက်သင့်တယ်လို့ အကြံပေးနေတာကို တွေ့မြင်ရပါတယ်” လို့ ဆိုပြီး ပြောပြခဲ့ပါတယ်။

ဦးကျော်သူဟာ အနုပညာအလုတွေကိုစွန့်ခွာပြီး ပရဟိတ လုပ်ငန်းတွေကြားမှာ ရပ်တည်ကာ ပြည်သူတွေကို အကျိုးပြုတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ပြည်သူတွေကိုအကျိုးပြုမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေ ၊ ရာဇဝင်တွေ၊ သမိုင်းတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကိုရိုက်ကူး ပုံဖော်လာခဲ့ပြီး ပုဂံမြို့သူရုပ်ရှင်ဇာတ်လမ်းတွဲဟာ အကောင်းဆုံးဒါရိုက်တာအဖြစ် Star Award ကချီးမြှင့်တဲ့ ဆု ကိုလဲ ရရှိခဲ့ပါတယ်။နောက်ထပ်လဲ ရုပ်ရှင်ကားတွေထပ်မံရိုက်ကူးထားပြီး ပရိသတ်အတွက် အလုပ်လုပ်နေပါတယ်။ ဒါကြောင့် ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကျေးဇူးအထူးတင်ရှိပါတယ်။

Snowpiki(MCC)

(Visited 5264 times, 2 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ