Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဦးလေးဖြစ်သူရဲ့ လက်ရာကို စားကောင်းလွန်းကြောင်း ပြောလာတဲ့ ဝတ်မှုံရွှေရည်

ဖွေးဖွေး ဖခင် ချက်တဲ့ ထောပတ်ထမင်းနဲ့ burger ပိစိလေးကိုစားပြီး ကောင်းလွန်း တယ်ဆိုတဲ့အကြောင်းကို ၀တ်မှုံရွှေရည် ကပြောပြလာခဲ့ပါတယ်။ ဖွေးဖေဖေ ရဲ့ လက်ရာဟာ သူ့ရဲ့အစားအသောက် ကိုစားဖူးတဲ့သူတိုင်းရဲ့ ပါးစပ်ဖြားမှာ နာမည်ကြီးလို့နေပါတယ်။ ဝတ်မှုံရွှေရည်တို့ မိသားစုဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက ဦးလေးဖြစ်သူကို သီတင်းကျွတ်အချိန်အခါရဲ့ အထိမ်းအမှတ်တစ်ခုအနေဖြင့် သွားရောက်ကန်တော့ခဲ့ကြတာလဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဦးလေးဖြစ်သူရဲ့ လက်ရာတွေကို ” Phway အဖေရဲ့လက်ရာ Daddy’s kitchen က ထောပတ်ထမင်းနဲ့ burger ပိစိလေးတွေစားကောင်းချက်ပဲ ။စားကောင်းလွန်းလို့ ဒီနေ့တော့ မရှောင်ပဲစားချလိုက်တယ်လေ။စားပြီးတဲ့ အချိန် ကွက်တိပဲ ညီမလေး phoo ရဲ့ rainbow cake နဲ့ dessert တွေက ရောက်နေပြန်ရော Hehe Thank you for sending food with love Daddy’s Kitchen & Angel Phoo Bakery 😘😘😘 ” လို့ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

၀တ်မှုံရွှေရည်ဟာ လတ်တလောမှာတော့ကြော်ငြာတွေ ပွဲတက်တွေ မှာတွေမြင်ရပြီး မကြာခင်မှာရိုက်ကူးတော့မယ့် ရုပ်ရှင်ကားကြီးတွေလဲ အဆင်သင့်ရှိနေပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေကလဲ သူမရဲ့ ရုပ်ရှင်ကားတွေကိုစောင့်မျှော်နေပြီး မကြာသေးခင်ကမှလဲ ကိုရီးယားမင်းသားနဲ့အတူ ရုပ်ရှင်ကားကြီး ရိုက်ကူးထားတာလဲ ရှိပါတယ်။

ဖွေးဖေဖေရဲ့လက်ရာကိုစားဖူးသူတွေလဲ အရသာလေးတွေကို ပြောပြခဲ့ပါအုံးနော် ။ ကျေးဇူးပါ။

Snow(mcc)
Source – wuttmhoneshweyi’s fb

(Visited 13801 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ