Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဉာဏ် မမှီတဲ့ နုံချာသူတစ်ယောက်မို့ စာမေးပွဲကျမှာ ကြောက်တယ်ဆိုတဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အနုပညာအလုပ်တွေများစွာလုပ်ကိုင်နေတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုဟာ မကြာခင်မှာလဲ သူမရဲ့ပြောင်မြောက်လှတဲ့ အနုပညာတစ်ခုကိုချပြတော့မှာဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ကားတိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်သူဖြစ်တာ​​ကြောင့် သူမရဲ့ ရုပ်ရှင်ကားတိုင်းက သဘာဝဆန်ပြီး အရမ်းကို ကြည့်ကောင်းခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ ၉ရက်နေ့မှာ ရုံတင်ပြသတော့မယ့် မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဘဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ပိုင်ဖြိုးသု၊ ဒေါင်းနဲ့ စိုင်းစည်တွမ်ခမ်းတို့က ပါဝင်သရုပ်ဆောင်ထားပြီး သုံးယောက်စလုံးကလဲ တကယ့်ကိုသဘာဝအတိုင်း သရုပ်ဆောင်ကြတဲ့ မင်းသား၊မင်းသမီး တွေဘဲ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်မှာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေပုံကို ပိုင်ဖြိုးသုက ” 9ရက်နေ့ကျရင်စာမေးပွဲစဖြေရတော့မယ်…ဒီစာမေးပွဲကို ကျမှာအကြောက်ဆုံးပဲ….ကိုယ်သိပ်တန်ဖိုးထားရတဲ့ ဘာသာရပ်မို့..ကိုယ်စွမ်းရှိသမျှကြိုးစားခဲ့သော်လည်း ကိုယ်ကိုယ်တိုင်ကဉာဏ်မမီ နုံချာနေသူတစ်ယောက်ဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးကကိုယ့်ကိုအစဉ်နှိပ်စက်တယ်..” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆရာမဂျူး ရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်ပြီး နမူနာဗီဒီယိုကို ကြည့်ရူ့ရုံနဲ့တင် ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ ဒေါင်းရဲ့ ချစ်ပရိသတ်တွေနဲ့ရော သုသုရဲ့ချစ်ပရိသတ်တွေအပြင် စိုင်းစည်တွမ်ခမ်းရဲ့ပရိသတ်တွေကပါ ဝန်းရံပေးလိုက်ကြရအောင်နော်။

ဖတ်ရှုပေးသူတွေကိုကျေးဇူးပါ။

Snow(mcc)

(Visited 2004 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ