အွန်လိုင်းမှာပျံ့နေတဲ့ CCTV မှတ်တမ်းက အစစ်အမှန်မဟုတ်ကြောင်း ပြောပြလာတဲ့ ပြိုင်ပွဲဝင် စိုးစံအောင်

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရော ဝေဖန်မှုတွေကိုပါ ရရှိလာတဲ့ The Model Academy အစီအစဉ်ဟာ ကျန်ရှိခဲ့တဲ့ တစ်ပတ်က ပြိုင်ပွဲဝင်တွေရဲ့ အရှုပ်အထွေးတွေကိုဖြေရှင်းရင်းကနေ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ပြိုင်ပွဲဝင်နှစ်ဦးရဲ့ CCTYမှတ်တမ်းတွေပါဆိုပြီး အွန်လိုင်းမှာ ပျံ့နှံ့လို့ နေပါတယ်။ အဆိုပါ CCTV က အစစ်အမှန်မဟုတ်ကြောင်းကို ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ဖူးပြီး Camp မှာ လဲနေထိုင်ခဲ့ဖူးသူ ဖြစ်တဲ့ မော်ဒယ် စိုးစံအောင်က ခုလိုဘဲ ပြောပြလာပါတယ်။

သူပြောခဲ့တာကတော့ “ ဝေဖန်နေကြတဲ့လူတွေMediaတွေကျတော်ပြောချင်တာကတကယ်ဖြစ်ပျတ် ခဲ့တဲ့ပြသာ နာကိုအတိအကျ မသိ ကြသေးပဲ အရမ်းမဝေဖန်ကြပါနဲ့ လို့ ။ ကျတော်ညီနဲ့ညီမနှစ်ယောက်လုံး ကရှေ့ဆက်ရမဲ့ခရီး တွေကအရှည် ကြီး ဘဝပျက် လောက်တဲ့ထိ အားလုံးထင်သလိုမဟုတ်ပါဖူး CCTVမကြည့်ရဘဲးအတွေးတွေအရမ်းမလွန်ကြဖို့ပြောချင်ပါတယ်နှစ်ယောက်လုံးကိုချစ်တယ်ဖိုင်တင်💗💗”

“နှစ်ယောက်လုံးကိုသနားမိတယ်💔💔 အောက်ကပုံကလည်း campကcctvပုံမဟုတ်ပါ ကျတော်campမှာ တစ်လကျော်နေခဲ့တာအဲ့နေရာမမြင်ဖူးဘူးလူတွေကအခြားလူအရှက်ရရင်အရမ်းပျော်ကြတာလာတစ်လွဲနော်” လို့ ဆိုပြီး ပုံတွေနဲ့ အတူရေးသားခဲ့ပါတယ်။

လက်တလောမှာ တော့ မော်ဒယ် စိုးစံအောင်ဟာ The Model Academy ပြိုင်ပွဲကနေ စောစီးစွာအိမ်ပြန်ခဲ့ရသူတစ်ယောက်ဖြစ်ပေမယ့် ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ ဖက်ရှင်ပွဲတက်တက်တဲ့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူတစ်ယောက် အဖြစ် ရပ်တည်နေပါတယ်။

Snow(mcc)
Source – Soe San Aung’sfb

(Visited 65239 times, 3 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ