Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အွန်လိုင်းမှာနာမည်ကြီးနေတဲ့ ညိုချောကို အကုန်အကျခံပြီး ပြုပြင်ပေးမယ်ဆိုတဲ့ ထက်အောင်ရှိုင်း

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ထက်အောင်ရှိုင်းဟာ Tik Tok တွေလဲ ဆော့ပြီး ရုပ်သံဇာတ်လမ်းတွဲတွေ လဲ ရိုက်ကူးပုံဖော်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူက လက်ရှိ အွန်လိုင်းမှာ လူပြောများနေတဲ့ ညိုချော လို့ခေါ်တဲ့ Tik Tok ဆယ်လီ ငြိမ်းမြတ်သူ ရဲ့ မျက်နှာပေါ်က ချို့ယွင်းချက်တစ်ခုကို ငွေကုန်ကြေး ကျခံပြီးပြုပြင်ပေးသွားမှာဖြစ်တယ်လို့ ပြောပြလာပါတယ်။

ထက်အောင်ရှိုင်းပြောပြခဲ့တာကတော့ “ဒီညီမလေးကို brace တပ်ပေးချင်ပါတယ်.. share ထားတဲ့captionတွေနဲ့ comment တွေဖတ်ရတာ တကယ်စိတ်မကောင်းဘူး..သူကိုယ်တိုင်လက်ခံရင် ကျနော်အားလုံးအကုန်ကျခံပီး brace တပ်ပေးမယ်” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

အဲ့ဒီလို ပြုပြင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ငြိမ်းမြတ်သူ က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူ​ က ” ကျေးဇူးတင်ပါတယ်ကိုကြီး ထက်အောင်ရှိုင်း🙏”လို့ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Tik Tok ဆယ်လီလို့ဆိုတဲ့ ငြိမ်းမြတ်သူကို Myanmar idol မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးပြီး ရွေးချယ်မခံခဲ့ပေမယ့် နာမည်ကြီးပြီး လူသိများခဲ့တဲ့ ခြိမ့်ကေကို နဲ့ တွဲဖက်ကာ MTV တစ်ခုရိုက်ကူးနေတဲ့ ပုံရိပ်တွေ ကလူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တာကြောင့် လူသိများခဲ့ပါတယ်။ လူသိများတဲ့ထဲမှာ အားပေးတဲ့သူတွေလဲ ရှိသလို ဝေဖန်ပြောဆိုကြတဲ့ သူတွေလဲ ရှိတာကြောင့် သရုပ်ဆောင် ထက်အောင်ရှိုင်းက သူ့ကိုပြုပြင်ပေးသွားမှာဖြစ်ပါတယ်။

သရုပ်ဆောင် ထက်အောင်ရှိုင်းဟာလဲ မကြာခင်မှာ ကြည့်ရူ့ရတော့မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ယောကျ်ားလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ သံယောဇဉ်တွေကို ဖော်ကျူးထားတဲ့ “Evening Miracle” ရုပ်သံဇာတ်လမ်းတွဲကို သရုပ်ဆောင် မင်းဘုန်းမြတ်နဲ့ အတူ တွဲဖက် သရုပ်ဆောင်ထားတယ် လို့သိရပါတယ်။ ချစ်ပရိသတ်တွေက အားပေးဖို့မမေ့ပါနဲ့နော် ။

Snow(mcc)

(Visited 3890 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ