Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အွန်စော ရဲ့ ကွာရှင်းတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေတဲ့ မြန်မာပရိသတ်များ

ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဟာ မြန်မာနိုင်ငံမှာ ခေတ်ရေစီးကြောင်း အဖြစ်ပြောင်းလဲလာခဲ့ပြီး ကိုရီးယားရုပ်ရှင်မင်းသား၊ မင်းသမီးတွေဟာ မြန်မာလူငယ်တွေကြားမှာ အရမ်းကို ခေတ်စားလာခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ အွန်စော ဆိုတာကတော့ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး မင်းသမီးတစ်ယောက်ပါ။ သူမ က လွန်ခဲ့တဲ့ တစ်နှစ်လောက်မှာ လက်ထပ်ခဲ့ပြီး ယနေ့မနက်မှာတော့ သူတို့ ကွာရှင်းတော့မယ် ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ဟာ Descendants of the Sun ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ အတူတကွပါဝင်သရုပ်ဆောင်ထားကြပြီး အဲ့ရုပ်ရှင်ဇာတ်ကားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦး တွဲနေကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ခုနှစ် ၊ အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယနေ့မနက်မှာတော့ အဆိုပါသတင်းဟာ အတိအကျထွက်ပေါ်လာခဲ့တာလဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဖန်တွေကြားအငြင်းပွားတာလဲ ရှိသလို စိတ်မကောင်းဖြစ်နေကြသူတွေလဲ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အွန်စောရဲ့ ပရိသတ်တွေကတော့ အရမ်းကို စိတ်မကောင်းဖြစ်နေခဲ့ပြီး သူတို့အတွက် ဝမ်းနည်းကြောင်းနဲ့ ပြန်လည်အဆင်ပြေစေချင်တယ် ဆိုတဲ့အကြောင်းတွေကို ပြောပြထားပါတယ်။ ဖတ်ရှု့မိတဲ့ ပရိသတ်ကြီးရော သူတို့ကိုပြန်အဆင်ပြေစေ ချင်လားဆိုတာပြောပြခဲ့ပါအုံးနော်။

Source – Koreaboo

(Visited 11916 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ