Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အောင်မြင့်မြတ် ရဲ့ ပရိသတ် တစ်ယောက်ကြောင့် စိတ်တိုနေရတဲ့ အိမီမီကို

ရုပ်ရှင်တစ်ကားထဲနဲ့ အမျိုးသမီးပရိသတ်တွေများစွာ ရှိခဲ့တဲ့ အောင်မြင့်မြတ် ကတော့ သူချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေဆဲပါ။ အောင်မြင့်မြတ်က ခီမောင်နှံရိုက်ကူးတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားမှာ မှာပါဝင်ရိုက်ကူးခဲ့ရာမှ ပရိသတ်တွေအခိုင်အမာရှိခဲ့တာဖြစ်ပါတယ်။

အောင်မြင့်မြတ်က ပရိသတ်တွေ စတင်ရရှိခဲ့ချိန်ထဲက သူ့ချစ်သူမိန်းကလေးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ချစ်သူကောင်မလေးကလဲ အနုပညာရှင်တစ်ယောက်ပါ သူကတော့ မိတ်ကပ်နဲ့ပတ်သက်ပြီး ဆန်သစ်တဲ့ အနုပညာရှင်တစ်ယောက်ဘဲ ဖြစ်ပါတယ်။ သူမတို့စုံတွဲလေးက အရမ်းချစ်ကြပြီး ကြည်နူးစရာ ကောင်းတဲ့စုံတွဲလေးပါ။ အဲ့ဒီစုံတွဲလေးရဲ့ပုံတွေကို မျှဝေပြီး ချစ်သူဖြစ်တဲ့ အိမီမီကို ကိုပုတ်ခတ်ပြောဆိုမှုတစ်ချို့ရှိခဲ့ပါတယ်။

အဲ့ဒီစကားတွေနဲ့ ပတ်သက်ပြီး အိမီမီကို က ” အရမ်းတွေ ပြောခံရလွန်းလို့ ဘာမှ တော့မဖြစ်ပါဘူး။ အရေ လည်းထူနေပါပြီ။ သိပ်လည်း အာရုံ မထားပါဘူး ။ တော်ရုံ ဆိုလည်း မပြောပါဘူး လျှော်ထားလိုက်တယ်။ ဖြစ်တက်တယ် ဆိုတာလည်း နားလည်တယ်။ ကိုယ်တိုင်ကလည်း လှအောင်မနေတက်တာလည်းပါတယ်”

” ကိုယ့်ပုံကြီး တင်ပြီး ကိုယ့်ကို ပြောတာဆိုတော့.. လူဆိုတာ စိတ်ကြည်တဲ့အချိန်ရှိတယ် မကြည်တဲ့ အချိန်ရှိတယ်။ အတိုင်းတာရှိတယ်။ ခုချိန်က အချိန်ကောင်း မဟုတ်လို့ သည်းမခံ နိုင်တော့ဘူး ညယ်မရေ။ ဟိုညယ်မ ရေ noti တက်လို့ ဖွင့်ကြည့်မိတာဘာမျန်းလဲ လို့အော် fan ဖန် ဖန် Facebook က နိုတီ တက်တယ်လေနော်။ အမ tag ဖွင့်ပေးလိုက်ပြီ နော်သိလား ” လို့ဆိုကာ သူမရဲ့ဖေ့စ်ဘုတ်ကနေရေးသားဖော်ပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – ei mi mi ko’sfb

(Visited 9451 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ