Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အောင်ပန်း ထိတောင် Surprise လိုက်တိုက်တာ ခံခဲ့ရတဲ့ မြင့်မြတ်တို့ သားဖနှစ်ယောက်

ပရိသတ်တွေချစ်ကြတဲ့ သရုပ်ဆောင် မြင့်မြတ်နဲ့ သားဖြစ်သူ မြတ်သူတို့ဟာ ယနေ့ မှာတော့ မွေးနေ့ကျရောက်ခဲ့ပါပြီ။ သူတို့ သားဖနှစ်ယောက်ဟာ ပရိသတ်တွေများစွာ ချစ်ခင် အားပေးခြင်းကို ခံရသူတွေဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ထူးခြားချက်က သြဂုတ်လ (၇)ရက်နေ့မှာဘဲ မွေးနေ့အတူတူကျရောက်ခဲ့ပါတယ်။ မြတ်သူလေးကတော့ ၂၀၁၈ခုနှစ်ရဲ့ သြဂုတ်လ ၇ ရက်နေ့၊ ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

သူတို့သားဖနှစ်ယောက်ရဲ့ မွေးနေ့ကိုတော့ သူတို့ကိုချစ်တဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တစ်ချို့နဲ့ ပရိသတ်တချို့က အောင်ပန်းထိလိုက်ပြီး မွေးနေ့ လုပ်ပေးခဲ့ကြပါတယ်။ သူတို့မထင်ထားတဲ့ ပုံစံမျိုးတွေနဲ့ မွေးနေ့ Surprise လုပ်ခဲ့တာကြောင့် တကယ့်ကို အံ့သြခဲ့တဲ့ မြင့်မြတ်ရဲ့ ပုံရိပ်တွေကို ဗီဒီယိုတွေမှာ တွေ့မြင်ခဲ့ရပါတယ်။

မြင့်မြတ်ဟာ လတ်တလောမှာတော့ ရွှေအိမ်စည်၊ ဆွန်ဆွန် နဲ့ နန်းခင်ဇေယျာတို့နဲ့ အတူ သရွှီး ဆိုတဲ့ ရှပ်ရှင်ဇာတ်ကားကြီးကို ရှမ်းပြည်တောင်ပိုင်း တစ်ခွင်မှာ ရိုက်ကူးနေကြတာဘဲ ဖြစ်ပါတယ်။ ဒါကို မွေးနေ့ Surprise အဖြစ် အဲ့ဒိ အောင်ပန်း အထိ ရောက်ရှိနေခဲ့ကြတဲ့ Live ဗီဒီယို လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကြည့်ရှု့မိသူတွေအနေနဲ့ သူတို့သားဖနှစ်ယောက်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦး။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – ဂျူနီယာ မြင့်မြတ်’s fb၊ Myat wai Tun’sfb

(Visited 412 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ