Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေး ကန်တော့ပေးပွဲ နဲ့ မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်လမ်းကို မကြာခင်မှာ ရိုက်ကူးပုံဖော်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး နှစ်အတော်ကြာ လေ့လာပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ယခုအခါမှာတော့ လူမင်းက ဒါရိုက်တာအဖြစ်နဲ့ တာဝန်ယူရိုက်ကူးပုံဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ကားကြီးအတွက် ကန်တော့ပေးပွဲအခမ်းအနားကို ယနေ စက်တင် ဘာလ(၂၄)ရက်နေ့ ၊နံနက် ၇ နာရီက ရွှေတိဂုံဘုရားအောင်မြေမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် ”အောင်ဆန်း ရုပ်ရှင် စတင် ရိုက်ကူးမည့်အကြောင်း မိတ်ဆက်တဲ့ အခမ်းအနားကို ရန်ကုန်မြို့ ရှိ နိုဗိုဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တက်ရောက်ခဲ့တာလဲ ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ အောင်ဆန်းရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်တွေကိုလဲ မိတ်ဆက်ပေးခဲ့ပါတယ်။

သရုပ်ဆောင် တွေအဖြစ် ဒါရိုက်တာသရုပ်ဆောင် ညိုမင်းလွင်က ကျောင်းသားခေါင်းဆောင် ကိုဘဟိန်း၊ ၊ အောင်မော်ထွန်း က သခင်နု ၊သရုပ်ဆောင် မင်းဦး ကမန်းဘခိုင် ၊ နန်းဇာခြည်လင်းကတော့ အမေဒေါ်ခင်ကြည် ၊ကျော်ကျော်မျိုးကတော့ ဗိုလ်ချုပ်နေရာမှာသရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် ကျော်ကျော်ကတော့ ဦးသိန်းဖေမြင့် ၊ ရဲအောင်ကတော့ သခင်မြ ၊ ရန်အောင်က ဒေါက်တာဘမော်၊ မိုးဟေကို မာရီလှတော၊ နိုင်နိုင်းက ဗိုလ်နေဝင်း ၊ခန်စည်သူက ဦးတင်ထွဋ် ၊လူမင်းက ဗိုလ်မင်းရောင်နေရာမှာ တာဝန်ယူမှာဖြစ်ကာ ဂဠုန်ဦးစော နေရာမှာတော့ သူ့ရဲ့ မြစ်အရင်းဖြစ်တဲ့ ဇော်ဇော်ပိုင်ကသရုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ လဲ သိရပါတယ်။

ပရိသတ်တွေစောင့်မျော်နေကြတဲ့ အောင်ဆန်း ရုပ်ရှင် မကြာခင်မှာ ကြည့်ရှု့ရတော့မှာမို့ ပရိသတ်ကြီး စိတ်လှုပ်ရှား နေမယ်လို့ ထင်မိပါတယ်။

Photo Credit: အောင်ဆန်းရုပ်ရှင်

Snow (MCC)

(Visited 2575 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ