Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

အိုးဝေ မောင်းတဲ့ ကောင်လေးကို လှူခွင့်ရလို့ ဝမ်းသာနေတဲ့ ဇေရဲထက်

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဇေရဲထက်ဟာ ဝါသနာကြီးလွန်းတာကြောင့် အနုပညာလောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ ဗီဒီယို ခေတ်ကောင်းချိန်က သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေ များစွာ ထွက်ရှိထားပြီး ပရိသတ်တွေကလဲ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

သူက အနုပညာမှာတင်အောင်မြင်တာမဟုတ်ဘဲ ပရဟိတပိုင်းမှာလဲ တကယ့်ကို ချီးကျူးစရာကောင်းလှပါတယ်။ ပရိသတ်တွေကိုလဲ အဆင့်အတန်းမခွဲခြားဘဲ ပေါင်းသင်းဆက်ဆံတက်လို့လဲ ပရိသတ်တွေက ယနေ့ချိန်ထိ ချစ်ခင်အားပေးနေဆဲဖြစ်ပါတယ်။ သူက ယခုအခါမှာလဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားသူ ငှားစီးခဲ့တဲ့ အိုးဝေမောင်းသမားလေးကိုလဲ တက်နိုင်တဲ့ဘက်က ကူညီခဲ့ပါတယ်။

အဲ့လို ကူညီခွင့်ရတာနဲ့ ပတ်သက်ပြီး ” ညီမလေးရဲ့ shareတခု ကြောင့် အကိုလှူခွင့်တခုရလိုက်ပြန်ပြီ (အကို့ရဲ့တနိုင်တပိုင်လေးပေါ့ တရက် (၁၀၀၀၀)နှုန်းနဲ့ (၁၄)ရက်ကို ၁၄၀၀၀၀လေးလှူခွင့်ရပြီ အခုလိုနိုင်ငံချစ်စိတ်ရှိသူ မျိုးချစ်စိတ်ရှိသူကို လှူခွင့်ရတာဟာ ကျနော့်အတွက်တော့ပြောပြမတတ်အောင်ဝမ်းသာမိတယ် လိုအပ်တယ်လေသူ့အတွက်🙏🙏🙏ကျေးဇူးပါ ညီမလေး Nandar Zaw Oo” လို့ ဆိုကာ ကူညီခွင့် ရခဲ့လို့ ဝမ်းသာပီတိဖြစ်နေပါတယ်။

ဒါ့အပြင် covid – 19 နဲ့ ပတ်သက်ပြီး သူ့ရဲ့ လက်ရှိအခြေအနေကိုလဲ ပြောပြလာပါတယ်။ အဲ့ဒါကတော့ ” ဝူဟန်ကြောင့် စည်းစိမ်တင်မဟုတ် ချီးအိမ်ပါပြောင်တော့မယ် ဟိုလူက တမျိုး ပြောဝယ်ရ ဒီလူကပြော ဝယ်ရ ဟိုဆေး ဒီဆေး သရုပ်ဆောင်ဆိုတော့ အသားရည်အတွက်ကလည်းဝယ်ရသေး ဝယ်လိုက်တဲ့အချိန် mask တောင် တဘူး 100000နီးပါး ကြောက်တာထက် ဆေးရုံမှာ မနေချင်လို့သာ ကာကွယ်ရတာ ရှာထားတာကာကွယ်ဖို့ဝယ်တာနဲ့တင် 😪😪😪😪” လို့ ဆိုကာ ဝယ်ယူ စုဆောင်းနေပုံကိုလဲ ပြောပြခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်တွေအနေနဲ့ ဒီလို ကာလမျိုးမှာ အိမ်ပြင်မထွက်ကြဖို့၊ လက်ဆေးကြဖို့နဲ့ ကျန်းမာရေးကောင်းမယ့်အစားအစာတွေစားသောက်ကြဖို့ သတိပေးခြင်ပါတယ်။ ဖတ်ရှု့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – zay yehtet’sfb

(Visited 11629 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ